Thursday, December 27, 2012
အေးမြခြင်းနဲ့အတူခရေပင်လမ်းကခရေရနံ့ တွေနဲံ မောင့်ရဲ့နွယ်
အေးမြခြင်းနဲ့အတူခရေပင်လမ်းကခရေရနံ့ တွေနဲံ မောင့်ရဲ့နွယ်
**************************************************
အနောက်ဖက်ယွန်းကို
ရောင်နီတချို့မှိန်သယောင်
လင်းသယောင်နဲ့
အမှောင်မရောက်ခင်စပ်ကြား
ညနေခင်းဆည်းဆာရဲ့ အလှနဲ့အတူ
မြူမှုံအချို့ နဲ့ အေးမြခြင်း ဆောင်းဟေမာန်
ချင်းနင်းဝင်ရောက်ဖို့တာစူနေပီ ။
ဒီအချိန်တွေရောက်ရင်
အရင်ဆုံး သတိရမိ လွမ်းဆွတ်မိတာက
မောင့် အရင် အခြားမဲ့ ဘ၀ပန်းတိုင်ကို
လျှောက်လှမ်းသွားတဲ့ မောင့်ရဲ့ နွယ်
ကုန်လွန်ခဲ့ ဒီဇင်ဘာ( ၁၃ )ရက်
မောင်နဲ့ နွယ်တို့ရဲ့ ချစ်သူသက်တမ်း
( ၄ ) နှစ် ပြည့်သလို
မောင့်ဘ၀ထဲက ပြင်ပကမ္ဘာကိုထွက်ပြေးသွားတဲ့ 
( ၇ ) လပြည့်တဲ့ အထိမ်းအမှတ်လဲ ဖြစ်နေပြန်တယ်
တိုက်ပဲ တိုက်ဆိုင်နိုင်လွန်းတယ် နွယ်ရယ် ။
နွယ်နဲ့မောင် စတွေ့ ကြတာ ရန်ကုန်မြို့ရဲ့ အမှတ်တရ
နေရာတွေအများကြီးထဲက ခရေပင်လမ်းလေးပါ နွယ်
ခရေပန်းရနံ့ သင်းသင်းလေးနဲ့ 
ခရေပင်လမ်းလေးထဲမှာ အေးမြတဲ့ 
ဒီဇင်ဘာရဲ့ ညနေဆည်းဆာကိုနောက်ခံပြုပီး
မောင်တို့နှစ်ယောက် တစ်ယောက်ရဲ့လက်ကိုတစ်ယောက်က
ယှက်နွယ် ခရေရနံနဲ့ညနေဆည်းဆာကို
မောင်တို့အပြည့်အ၀ခံစားခဲ့တဲ့ အချိန်တွေကို
ဘယ်လိုမှ ပြန်မရနိုင်တော့ဘူး မောင်ချစ်တဲ့နွယ်
နွယ် ရဲ့ ကျောလယ်ဆံကေသာတွေကို ပွတ်သက်ကစားရင်း
ပန်းဆီရောင်ပါးမို့မို့ပေါ်က သနပ်ခါးလေးတချို့တ၀က်ကိုမှေးမှိန်ဖျော့သွားအောင်လဲ
ဒီခရေပင်လမ်းမှာချစ်အနမ်းတွေနဲ့ မောင် ချစ်သက်သေထူခဲ့ ဖူးတယ်
ခုတော့ ............................
ခုတော့ဖြင့်.............................
မောင့်နားမှာ နွယ်တစ်ယောက်မရှိတော့ဘူး
ဒီလိုအေးမြခြင်းတွေ
ဒီလိုလှပတဲ့ ညနေဆည်းဆာတွေ
ဒီဇင်ဘာကိုရောက်တိုင်း
မောင့်ရင်ကို အမြဲလန်းဆန်းစေတဲ့
ခရေပင်လမ်းလေးထက်ကခရေပန်းရနံ့ လေးတွေ
မောင့်တို့ လျှောက်ခဲ့ဖူးတဲ့ ခြေရာလေးတွေ
အိုကွယ် နွယ် ရယ်.............
ခုချိန်ထိ မောင့်ရင်ကို လှုပ်ခတ်နေဆဲပါ
Subscribe to:
Posts (Atom)