Friday, August 17, 2012

မစ္ဇျိမလမ်း....





ရန်သူလို သဘောထား
ဟောကြားတဲ့ တရားတော်တွေထဲမှာ
တို့ ဘုရား သာသနာတော် မပါခဲ့ဘူး ........


မစ္ဇျိမ အလယ်အလတ်
သမာသမတ် လမ်းစဉ်နဲ့
အတိတ် ပစ္စုပ္ပန် အနာဂတ်
ယှဉ်ကာမှတ်လို့ ဥာဏ်အလင်းပွင့်ခဲ့တာ
ဗုဒ္ဓ သာသနာပါ ......


ဂုဏ်ရှိ ဂုဏ်နိုင် တုမပြိုင်နဲ့
ဆုံးမတတ်တဲ့ သာသနာ
အမျိုးဘာသာ ကိုယ်သာထိန်းလို့
စိတ်ထားရှင်းသန့် ထားစေရာ
သူယုတ်တွေနဲ့ ယှဉ်မပြောတဲ့
ပညာ တတ်တို့ ထားအပ်ရာ
စိတ်ဓါတ်ရေးရာ ဖြူစင်ထားလို့
ကိုယ့်ရုပ်ရည်လဲ ကြည်လင်မှာ


စာတတ်ပေတတ် လာမမှတ်နဲ့
လေ့လာကြည့်လို့ပါ.....

No comments:

Post a Comment