Saturday, August 18, 2012

အိမ်ရှင်




ဒီတိုင်းပြည်ခို၊ ဒီရေကိုသောက်
ဒီမြေအောက်က၊ ကူထောက်စီးပွား
ထုတ်ယူစားပြီး၊ ပြည်ဖွားအိမ်ရှင်
ရန်သူထင်၊ အသင်မှားနေပြီ
အိမ်ရှင်ရိုကျိုး၊ အိမ်ရှင်ကိုးသော
မျိုးရိုးဘာသာ၊ သာသနာကို
ခြေရာနင်းလျက်၊ အတင်းဖျက်
ရက်စက်လွန်းနေပြီ။
အိမ်ရှင်ကဖွား၊ သမီးသားကို
ဇနီးအဖြစ်၊ လင်အဖြစ်ဖြင့်
အနှစ်ကိုနုတ်၊ အညစ်မြုပ်လျက်
မွေးထုတ်ကလေး၊ စပ်တူသွေးတွင်း
အရေးချက်ချာ၊ မျိုးဘာသာအား
လုယူထား၊ စော်ကားလွန်းနေပြီ။
သင့်အိမ်ခိုလျက်၊ သင့်ကိုဖျက်
သင်လက်ခံမည်လော။
သမီးပျော်ပါး၊ သားပျော်ပါး
စော်ကားခံမည်လော?



သူငယ်ချင်း တစ်ယောက်မှ ပေးပို့ပေးပါသည်

Friday, August 17, 2012

မစ္ဇျိမလမ်း....





ရန်သူလို သဘောထား
ဟောကြားတဲ့ တရားတော်တွေထဲမှာ
တို့ ဘုရား သာသနာတော် မပါခဲ့ဘူး ........


မစ္ဇျိမ အလယ်အလတ်
သမာသမတ် လမ်းစဉ်နဲ့
အတိတ် ပစ္စုပ္ပန် အနာဂတ်
ယှဉ်ကာမှတ်လို့ ဥာဏ်အလင်းပွင့်ခဲ့တာ
ဗုဒ္ဓ သာသနာပါ ......


ဂုဏ်ရှိ ဂုဏ်နိုင် တုမပြိုင်နဲ့
ဆုံးမတတ်တဲ့ သာသနာ
အမျိုးဘာသာ ကိုယ်သာထိန်းလို့
စိတ်ထားရှင်းသန့် ထားစေရာ
သူယုတ်တွေနဲ့ ယှဉ်မပြောတဲ့
ပညာ တတ်တို့ ထားအပ်ရာ
စိတ်ဓါတ်ရေးရာ ဖြူစင်ထားလို့
ကိုယ့်ရုပ်ရည်လဲ ကြည်လင်မှာ


စာတတ်ပေတတ် လာမမှတ်နဲ့
လေ့လာကြည့်လို့ပါ.....

ဝမ်းရေးထက် လွမ်းရေးခက်



မနက်နဲ့     ညတိုင်းမှာ
အစာအီမ်ကို ဂနာငြီမ်ဖို့
ကြိုးစားနေသူ
တစ်ယောက်အတွက်တော့
အချစ်ဆိုတဲ့
အရာကို
မျက်ဝန်းနဲ့တောင် မော်မဖူးဝံ့ချင်ခဲ့မိဘူး


ဝမ်းစာအတွက်
လမ်းတကာ
လျှောက်နေရပေမယ့်
အကြင်နာ အရိပ်ကို
တစ်ခါတစ်ရံ
တမ်းတမိသား


ဝမ်းရေး အတွက်
လွမ်းရေး ခတ်နေပေမယ့်
ငယ်စဉ်ခါက
ကြင်နာသူကိုတော့
ဘယ်ခါမှ မမေ့ခဲ့ပါ
ကောင်မလေးရယ်


ထုထည်ကြီးမားတဲ့
ရပ်တည်မှု အတွက်တော့
တမ်းတ စိတ်ကို
မြိုသိပ်ကြိတ်မှိတ်ခဲ့ရပေါင်းလဲ များခဲ့ပါပြီ



နှလုံးသားရဲ့ လိုအပ်ချက်
ဦးဏှောက်က ငြင်းဆန်
ဦးဏှောက်ရဲ့ ထီမ်းချုပ်မှု့ ကို
နှလုံးသားက ကန့်ကွက်
ဒီလူရင်ထဲအရူးကွက်နင်းနေရ
အငြီုးအတေး မရှိတဲ့အသဲ
လွမ်းမောရင်းနဲ့ပဲ
ကိုယ်ဆက်လျှောက်မယ်
ကောင်မလေးရယ်.....



ကဗျာအဆုံးသတ်လေးအတွက်
တီလေး ဂျင်ဂျာအေးအား
ဒီနေရာမှ အထူးပင်ကျေးဇူးတင်ပါတယ် ခင်ဗျာ
ganay ( ဂနေး )

စဉ်းစားပါ ( သူငယ်ချင်း )


အတ္တ မာန
ထည်လဲသုံးတတ်တဲ့ မင်း
သံဝေဂ
တရားရနိုင်ပါဦးမလား
လူ , လူ ချင်းကွာ
မင်းကဘာကို အထင်ကြိးနေမှာလဲ..

အချိန်တန်တော့သေမှာပေါ့
မသေခင်စပ်ကြား
ဘာဝနာတရား
မင်းမပွားများနိုင်ဘူးလား


ရုပ် နဲ့ နာမ်
တည်မြဲနေသရွေ့ 
လူတွေက အတ္တ နဲ့ မာန
မကင်းဘူးဆိုတာ
ငါလဲ ပုထုဇဉ်ပဲမို့ လက်ခံပါတယ်
တို့တွေအတွက်


သေရင် ဘာပါမလဲ
ငါလဲစဉ်းစားသလို
မင်းလဲ စဉ်းစားသင့်တယ်


ငါတို့လို
ပုတုဇဉ်အတွက်
အမြင့်ဆုံး မှန်းနိုင်တာ
အပါယ်တခါးပိတ်ယုံလေးပါ
မပိတ်နိုင်တောင်
သံဝေဂတရားလေးတော့ ရသင့်တယ်



Monday, August 13, 2012

မတူ တဲ့စိတ်တွေနဲ့ လူ


အရိုးပြိုင်းပြိုင်း
ကိုင်းကိုင်းထနေတဲ့ သစ်ပင်အို
ကန္တာရအလယ် ဘယ်လိုပင်ပေါက်ပေါက်
' လ ' သာညသွားကြည့်ပါ ........


အလွမ်းဓါတ်ခံရှိသူတွေအတွက်တော့
လွမ်းလို့မဆုံးတဲ့ဇာတ်ဝင်ခန်းပေမယ့် .....

စိတ်ဓါတ်ရိုင်းရိုင်း ရှိနေသူတွေအတွက်တော့
ခုတ်လှဲချင်စရာလည်း ကောင်းမှာပဲ ......

ရလာခဏ လူ့ ဘ၀ မှာ

ပျော်ပျော်နေတဲ့ လူတွေအတွက်တော့
ဟာသ တစ်ပိုဒ်လိုတွေးတောကာလည်း ပျော်ချင်ပျော်မယ် ....

ဘာဝနာတရား ပွားများကြာတဲ့ ရဟန်းသံဃာ
အတွက်တော့ တရားရစရာကောင်းလွန်းပါတယ်.....

ဇရာဖိစီးလူကြီးတွေအတွက်တော့
ကိုယ်ခန္ဓာတရား မမြဲခြင်းများကို မြင်ကြည့်တတ်ရင်တွေ့ ကြမှာပဲ ...

စိတ်ဓါတ်မြင့်မြတ် တည်ကြည်တတ်တဲ့
အနုပညာသမားအတွက်တော့
လက်ရာအလွန်မြောက်တဲ့ ပန်းချီတစ်ကားလည်း ဖြစ်ချင်ဖြစ်မယ်....


အို ........
လူသားတွေ ......
ဘယ်လိုပင်တွေးတွေး
သင်လည်း မထမ်း ၊  ငါ လည်း မရွက်
အလေ့ကျ ပေါက်တဲ့ အပင်မို့
သေချိန်တန်ရင် သေမှာပါပဲ.....

Monday, August 6, 2012

ပြန်လာခဲ့ ပါ ' လင်း '

ကစဥ့်ကလျှားစိတ်တွေနဲ့
ယောက်ယက်ခတ်ရင်း
အတွေးပေါင်းစုံက
တောင်တမာန် ' အင်း '
ကို မျက်နှာမူလိုက်တော့
ခံစားခဲ့သမျှတွေက
ရေပြင်ကို ဖြတ်တိုက်လာတဲ့
လေညှင်းတွေ ဆောင်ယူလို့
သြော်.......
အရမ်းလွမ်းတယ်
ကောင်မလေး ရယ်
ဘယ်ရပ်ဆီကို
ဘယ်လိုခြေလှမ်းတွေ ဦးတည်လဲကွာ
ပြန်ခဲ့ပါ
ပြန်လာခဲ့ပါ ....!!!!!!
အရူးတစ်ယောက်လို ဆောက်တည်ရာမရတဲ့
စိတ်တွေနဲ့........
' လင်း '  ဆိုတဲ့ !!!!
ကောင်မလေးရေ..........
ဘယ်မှာလဲ ..... မင်း ဘယ်မှာလဲကွာ.......
မန်းမြေကနေ  ' လင်း ' ဘယ်အဝေးကို
ပြေးထွက်ချင်နေတာလဲ.......
မင်းရဲ့ ဇာတိ မွေးရပ်မြေ
မင်း အရမ်းချစ်ပါတယ် ဆိုတဲ့
ရေပက်လည် ၀ိုင်းနေတဲ့ ကျုံးကြိးလေ...
ဒါတွေ ' လင်း ' မေ့ချင်နေပြီလားးးးးးးး

ပြန်လာခဲ့ပါ လင်းရယ်.....................

အချစ်ဦးမို့

အချစ်ဦးမို့
အရူးအမူးချစ်တာကို
စိတ်တွေကောက်
သောက ရောက်စေမယ့်
စကားတွေ မပြောပါနဲ့လား
ချစ်သူရာ

မလွမ်းတတ်ဖို့
အစမ်းသပ်
ကာလတွေ ကျော်လွန်ပါရစေကွာ

ကွယ်ရာမှာ
ခြေရာတော့ မများစေချင်ဘူး

အလွမ်းတွေကို
စာစီကုံးလို့
ဘာလီပုန်းနဲ့
ရေခဲရေလဲ
ရောင်းကြွေးရဲပါတယ်
ချစ်သူ

ချစ်သူအလိုကြ
ငွေအသပြာကို
ချွေတာစရာလဲ မလိုအောင်
မောင်
ဖြည့် ဆီးပေးပါ့မယ်



သေရင်တောင်
စိတ်နှစ်ခွနဲ့
ပြိသာဘဝ
မဖြစ်ပါရစေနဲ့လား


ချစ်သူရာ

Saturday, August 4, 2012

အိုဘယ့် .................... နွေ



အိုဘယ့် .............. နွေ

ရွက်ဝါကြွေ
မြေမှာလူး
ပုရစ်ဖူးတွေ
ဝေစေတဲ့ .......................... နွေ
ကိုဥသြ ရယ်က
ခွန်းဆင့်လို့ သံသာချို
( သံသာကျူးရင့်လို့ )
အတိတ်တွေ
အရိပ်ထင်ပြန်စေပေါ့
စီမ်း ရက်စေတဲ့ ................................... မမနွေ

ချိန်းခြောက်တဲ့ ................. မီုး

မြသီတာ
တီမ်ညိုဖုံးပါလို့
ငိုတော့မယ်
သူဟန်ဆင်
ပြိုမယောင်ယောင်
တီမ်တောင်ထူလို့
လျှပ်စီးနွယ်
ပန်းခက်ရယ်နဲ့
ချိန်းခြောက်တဲ့ ........................... မီုး

သူ ............



သူ.........



ဝေးလွင့်တာကို

ငေးမိုင်နေတဲ့ ငါ

ကံရဲ့ အလှည့် အပြောင်း

ပြောင်းပြန်းစီးဆင်းစွာနဲ့

ဒီနေ့  ငါပျော်ခဲ့တယ်..



၂ လကြာ တိတ်ဆိတ်နေတဲ့

ငါ့ရင်အစုံဟာ သူ့ ကြောင့်

ပြန်လည်သက်ဝင်လှုပ်ရှား

လာပြန်တယ် ...

ဘယ်နေ့  ဘယ်အချိန်မှာ

ပြန်လည်ငြီမ်သက်ဦးမှာလဲ



ငါ သ၀န်တို တိုင်း

ကြားနေကြ နင့်သရော်သံတွေ

ငါ စိတ်တို ဒေါသ ဖြစ်တိုင်း

ကြားနေကြ နင့်ရယ်သံ

လွင်လွင် တွေ ဘယ်အချိန်များ

ထပ်ကြားနိုင်မှာလဲကွာ



နင့်ဖက်က အရာရာ

ပြီးဆုံးပေမယ့်

ငါ့ဖက်က ခုမှ စတာပါ



ဒုတိယ အကြီမ်ဆိုတာ

ငါ့အတွက် မရှိနိုင်တော့ဘူးလား

တားမြစ်နယ်မြေ

ငါ့ရင်ခွင်တံခါးကို
ငါကိုယ်တိုင်ပိတ်ထားတယ်
တားမြစ်နယ်မြေဆိုတဲ့
ဆိုင်းဘုတ်
ကိုလဲ
ဘယ်လိုအနုပညာရှင်ကို
မှ
မသုံးပဲ
ငါ
ကိုယ်တိုင်ဖွင့်လှစ်ခဲ့တယ်


ဒီလိုတားမြစ်နယ်မြေကိုမှ
......မင်း....
သိလျှက်နဲ့
စည်းကမ်းဖောက်ဖျက်ပြီး
ဝင်ရောက်လာခဲ့တယ်


ဒါပေမယ့်
မင်းဟာငါ့ရဲ့
ပထမ
ဥိးဆုံးသူမို့
ငါမသိချင်ယောင်ဆောင်ပြီင်္း
လက်ခံထားခဲ့တာ
ငါ့
အမှားပါ

အခုတော့
မင်းက ငါ့ကို
စွန်ခွာသွားတဲ့အပြင်
ငါ့ရဲ့
တားမြစ်နယ်မြေ
ဆိုတဲ့ ဆိုင်းဘုတ်ကိုတောင်
ရိုက်ချီုးခြေမွ
ဖြစ်ဆီးခဲ့တယ်

မင်းလွန်တယ်
ချစ်သူရယ်

ငါ့ရဲ့ ဖိတ်စာ



အလွမ်းတွေ ကို ခ၀ါချ
ပန်းတွေ ကြွေမှာလဲ
ကြောက်တဲ့သူပါကွယ်

မချစ်ချင်ပေမယ့်
ချစ်တတ်အောင်လဲ
သင်ပေးခဲ့တာလားကွယ်

ရာသီတွေပြောင်း
ဆောင်းမှာလဲ
နှင်းတွေဝေခဲ့ပါပြီ

ဘယ်ဆီရောက်လို့
ဖြေရာဖျောက်နေတာလဲ
ချစ်သူရယ်

နင်မရှိတော့
လေနှင်ရာ လွင့်မျောနေတဲ့
တီမ်ဆိုင်တွေလို
ဦးတည်ရာမရှိတော့ဘူးကွာ

ပြန်ဆုံချင်ပေမယ့်
ဇရာထောင်းလို့
အမှောင်ကိုလှမ်းနေပြီ

နင့်ကိုပေးစရာ
တစ်ခုပဲ
ငါပိုင်ဆိုင်တယ်

ငါ့ရဲ့နာရေး
ဖိတ်စာပေါ့