Thursday, June 14, 2012

" အနှိုင်းမဲ့ မေတ္တာ "

" အနှိုင်းမဲ့ မေတ္တာ "




* မိဘတို့ ဟူသည်....
သားသ္မီးရတနာ ၊ အစပျိုးသည့်
ဝမ်းတွင်းသန္ဓေ ၊ တည်စကပင်
အဖြူအမဲ ၊ မသိပါဘဲ
သန္ဓေသားအား ၊ မေတ္တာထားလျှက်
ချစ်စိတ်ပီတိ ၊ ဇြစ်ကြရာသည်........။
** သန္ဓေသားအား.....
နေ့ ညများစွာ ၊ ဝမ်းနှင့်လွယ်၍
ရှောင်ဖယ်ရမည့် ၊ စားဖွယ်ရာကို
ခံတွင်းအာရုံ ၊ ရှိလေသော်လည်း
ဝမ်းတွင်းသန္ဓေ ၊ ထိခိုက်မည်ကို
စိုးရိမ်ပူပန် ၊ တွေးတောလေ၍
အာရုံကိုပယ် ၊ လေးစားဖွယ်ရာ

*** မိခင်မေတ္တာ ၊ ပေါ်လွင်လှပေ.........။
ဆယ်လချိန်ခါ ၊ စေ့ပြန်လတ်သော်
သေမင်းတိုက်ပွဲ ၊ ဆင်ကာနွဲ့ ၍
သန္ဓေသားကို ၊ မွေးဖွားသန့်စင်
ထိုသ္မီးသားအား ၊ ယုယကြင်စွာ
နေ့ ညမရွေး ၊ နို့ ချိုအားအင်
တိုက်ကျွေးလေ၍ ၊ မိခင်မေတ္တာ
ကြီးမားလေစွ ၊ ကြီးမားလေစွ.........။
**** သိတတ်လေတဲ့ ၊ ကလေးဘဝ
ကြီးပြင်းရောက်ရှိ ၊ ထိုသ္မီးသားအား
လောကလူ့ ဘောင် ၊ ရပ်တည်ရန်ဝယ်
အတတ်ပညာ ၊ သင်ကြားစေ၍
လူ့ အောက်မကျ ၊ တတ်စေလေကြောင်း
ခြိုးခြံချွေတာ ၊ စုဆောင်းငွေကို
သုံးစွဲလေ၍ ၊ တချိန်တစ်ခါ
မမြင်ရသော ၊ အောင်မြင်မှုကို
ကြိုတင်တွေးတော ၊ မျှော်ကာတွေး၍
ဝမ်းသာပီတိ ၊ ဖြစ်ကြရာသည်.......။
***** ပီတိအပြုံး ၊မဆုံးခင်မှာ
ငါ၏သ္မီးသား ၊ ထို့ ထက်တတ်စေ
ရည်ရွယ်လေပြီး ၊ မိမိရိပ်အောက်
ထာဝရပင် ၊ ထားချင်သော်ငြား
မိမိအရေး ၊ မျက်ကွယ်ပြုကာ
တရွာမကောင်း ၊ သူကောင်းမဖြစ်
ဆိုရိုးစကား ၊ မှတ်သားနာယူ
တနယ်တကျေး၊ ရပ်ဝေးမြေမှာ
ပညာဖြာဖြာ ၊ သင်ကြားစေ၍
ငါ၏သားသ္မီး ၊ကောင်းစားရေးဟု
တွေးတော့ဖြေသာ ၊ လွမ်းကြလေသည်....။
****** ပညာစုံ၍ ၊အရွယ်ရောက်က
လူသားဘဝ ၊ ပြည့်စုံစေဝယ်
သွေးသားမစပ် ၊ ဆန့် ကျင်ဖက်ကို
ထိန်းမြားလက်ထပ် ၊ ပေါင်းသင်းကြ၍
လောင်းရိပ်ခွဲထွက် ၊ နေထိုင်သော်ငြား
ထိုသားသ္မီးအား ၊ ရှိရင်းမေတ္တာ
လျော့ မသွား ၊ အမြဲတစေ
ခိုလှုံခွင့်ကို ၊ ဖွင့်ကာထားပြီး
သားသ္မီးတို့ မှ ၊ သီးပွင့်လာသည့်
မြေးမြစ်တီတွတ် ၊ အားလုံးကိုပင်
ရှိရှိသမျှ ၊ မေတ္တာရိပ်ကို
ပေးအပ်လေ၍ ၊ မိဘတို့ ၏
မေတ္တာရိပ်သည် ၊ ဤကမ္ဘာပျက်
ကမ္ဘာဆက်ဆက် ၊ တည်သော်ငြားလည်း
တုနှိုင်းဖွယ်ရာ ၊ မရှိတော့လေပြီ.........။.......။



ရိုးသားစွာဖြင့် ဖေဖေ မေမေ တို့အား ဒီကဗျာ လေးနဲ့ ပူဇော်ပါ၏

No comments:

Post a Comment