Sunday, July 29, 2012

တစ်သောက်သော သူအတွက် .... ခံစားချက်

အချိန်ကာလ
တစ်ခုအကြာ
ပျောက်ဆုံးနေသော
နင့် ရဲ့ရယ်သံ
လွင်လွင်လေး
ငါပြန်ကြားရပြီ.........ကောင်မလေးရယ်

အချိန်ကာလ
တစ်ခုအကြာ
ကွယ်ကာဖုံးနေတဲ့
နင့် ရဲ့ သစ်လွင်
တောက်ပတဲ့အပြုံး
မျက်နှာလေးကို
ငါပြန်လည်မြင်
တွေ့ ခွင့် ရခဲ့ပြီ............... ကောင်မလေးရယ်

အတိတ်ဆိုတဲ့ ငါဘဝ
ကို ငါမေ့ ဖျောက်နိုင်ခဲ့ပြီ
နင့် ရဲ့ချိုလွင်သာယာတဲ့
ရယ်သံကြောင့်
ငါ့ ဘ၀သာယာခဲ့သလို
နင့် ရဲ့အေးမြတဲ့
အပြုံးမျက်နှာကြောင့် လဲ
ငါ့ ဘ၀ စိုပြေခဲ့ရပြီ........ ကောင်မလေးရယ်

ငါ့ ဘ၀ရဲ့
ထာဝရဆုံးရှုံးပြီလို့
ထင်ခဲ့ရတဲ့
အရာလေးတွေ
အချိန်လေးတွေကို
ငါ့ ရင်ရဲ့ အနက်ရှိုင်းဆုံး
တစ်နေရာရာမှာ
ကမ္ဗည်းကျောက်တိုင်
စိုက်ထူထားမှာပါ............. ကောင်မလေးရယ်

နင် မမှားပါဘူး
ငါ သာမမှန်ခဲ့တာ
နင် မလာခဲ့ပါဘူး
ငါ မျှော်လင့် နေမိတာပါ
နင် မချစ်ခဲ့ပါဘူး
ငါသာရူးမိုက်ခဲ့တာပါ
စုတ်ပြတ်သတ်ခဲ့တဲ့
ရင်ခုန်သံတွေအတွက်
နောက်ဆုံးအပြစ်ပိုင်ရှင်
ငါပါ...........................ကောင်မလေးရယ်

အရာရာငါ့ အမှားအတွက်
ပြန်လည်ပေးဆပ်ရင်း
နင်နဲ့ ဆုံခွင့် ရတဲ့
ခဏတာအချိန်လေး
ပျောက်ဆုံးသွားမှာကို
ငါစီုးရွံ့ နေမိတယ်......ကောင်မလေးရယ်

ငါဘာလုပ်ရမလဲ
ကောင်မလေးရယ်.......

january24,2011 at 10;16
( မှတ်ချက် )

ကောင်မလေးရေ .........





ညတရေးနီုး
အီမ်မက်ဆိုးတွေ
အခါခါ ကြောက်လန့်
သောက်ရေတစ်ခွက်နဲ့
ကမ်းနေကြမင်းလက်တစ်ဖက်
ဘယ်ဆီကိုေ၇ာက် ပျောက်သွားခဲ့ပြီလဲ
ရုံးသွားရန် အဆင်သင့်
ပြုံးပြခါ နုတ်ဆက်အနမ်းနဲ့
နံနက်စာတွေ အရန်သင့်
အီမ်သူသက်ထား မောင့်အချစ်များနဲ့
ပြည့်နေတဲ့ ကောင်မလေးရေ
ခုတော့ ဘယ်ဆီကိုရောက် ကွယ်ကာပျောက်နေပြီလဲ
အစဉ်ထာဝရ လက်ကိုတွဲ
ဒီတစ်သက် မခွဲဘူး ... မောင်...
ပြောခဲ့တဲ့ ခင့် စကား
မောင့်  နားမှာ အမြဲကြားယောင်
ခုတော့ ဝေးကြပြီပေါ့
ကောင်မလေးရေ ...............

မောင့်အလွမ်း........

သိပ့်ချစ်တာကို
စိတ်ညစ်နေပါတယ်လို့
မပြောပါနဲ့ ချစ်သူရယ်

ဆောင်းဦးရွက်ကြွေတွေလို
နှောင်းအတိတ်ကို
ပြောင်းချင်တဲ့ စိတ်ခလေးကို
နဲနဲ လောက်ပြင်ကြည့်ပါလား

တကယ်ဆို မောင်မှားခဲ့ပါတယ်
သစ်ပင်အောက်မှာ
ပန်းတွေကောက်ဖို့
နွေရဲ့လက်ဆောင်
ဥသြ ငှက်ငယ်လဲ
မောင်နဲ့ အတူ ရှိမနေတော့ပါဘူး

ဂန့်ဂေါ် မြိုင်တန်း နဲ့
အင်းယား ကမ်စောင်းက
မောင်တို့ နှစ်ယောက်အတွက်
သက်သေတွေပါ.... ချစ်သူ

မေ့အချစ်တွေ
တခြားသူအတွက်
အသစ်တွေဖြစ်နေပီလား

အလွမ်းတွေအတွက်
ဒီစမ်းရေတွေလဲ
မအေးနိုင်တော့ပါဘူး
ပူလောင်တဲ့အမှု
တည်ထောင်ပြုတဲ့
မောင်သာ မှားတာပါ

တကယ်ဆို
လွမ်းမိတဲ့သူ
မောင်သာ ဖြစ်ခဲ့ရသူပါ

ပြန်လာခဲ့ပါ.......မိုး........ရယ်

၇င်ခွင်တခုမှာ...လမ်းပျောက်ခဲ့တဲ့ မိုး...
ဘယ်နေ့ဘယ်အချိန်များဒီ၇င်ခွင်ကို..
ခိုဝင်လှည့်မှာလဲ.....
ငါကျခဲ့တဲ့မျက်ရည်တစက်ဟာ
ဘာမှတော့မဟုတ်ပေမယ့်လဲ
နှလုံးသားနဲ့ရင်းတဲ့..နှလုံးသွေး
တစက်ဆိုတာ လွမ်းတတ်သူတွေ
တွေအတွက်တော့ ငါ့လိုလွမ်းပြီး
မကျန်ခဲ့၇အောင်..ငါ..သတ်သေပြ
နိုင်၇င်ငါကျေနပ်ပါတယ်...မီုးရယ်
မင်းကြိုက်တဲ့ အချိန်တိုင်း
ဒီရင်ခွင်ဟောင်ကြီးဆီ ပြန်လာနီုင်ပါတယ်...

12.1.2010
4;39 PM

အမုန်း သံစဉ်




သံစဉ်သစ် နဲ့ စာသားမဲ့
တေးသွားတစ်ပုဒ်
ငါ့ နှလုံးသွေး နဲ့
ရေးထုတ်ခဲ့ပြီ ချစ်သူ.........
ငါ့ သံစဉ် နဲ့ တေးသွားမှာ
နင် ပါမလာတာတော့ သေချာနေပြီ

ဟုတ်ပါတယ် ငါ့ရင်ရဲ့
အဝေးတစ်နေရာ
နင်က ကွယ်ထွက်ကာ ပြေးလေတော့
အလွမ်းရင့်ရင့် နှလုံးသားနဲ့
ထုဆစ်ထားတဲ့ ငါ့အနာဂတ်
နင်တစ်ချက်လောက်
လှည့်ကြည့်လိုက်ပါ ချစ်သူ

ပြန်ပြင်လို့ မရတော့တဲ့
နင့်အမှားအတွက် ၀န်ချ
တောင်းပန်လဲ ငါ့အတွက်တော့
လွန်ခဲ့တဲ့ အတိတ်အတွက်
လည်ပြန်မကြည့်သင့်တော့ဘူး
နင် ငယ်ငယ် တုန်းက
သင်ခဲ့ဘူးတဲ့ သမိုင်း
စာမျက်နှာကို ပြန်အမှတ်ရလိုက်စမ်းပါ
ဟန်မူရာဘီ ရဲ့ ကိုယ်ဓ ဥပဒေ
ဆိုတာကို နင်နားလည်ခဲ့မှာပေါ့
ငါ့ နှလုံးသား ကြေမွ ခဲ့သလို
နင့်ရင်ခွင်လဲ ကွဲအပ်စေရမယ်

မှားခဲ့တာ ငါလားးးး
နားလည်ပါတယ်ဆို
ပြောခဲ့တဲ့ နင့်စကား
ဘယ်မှာများ ထားခဲ့ပြီလဲ ချစ်သူ
ငါ့အချစ်တွေ တောက်ပနေပါသေးတယ်
ရာဇ၀င် ကိုနင်ပြန်ကြည့်
မှတ်မိနေမယ့် ငါ့အချစ်
ကျိန်ဆိုခဲ့တဲ့ နင့်အမုန်း
ငါရူးမိုက်စွာ အရှုံးပေးခဲ့ဘူးပါတယ်
ပျော်လိုက်ပါတော့ချစ်သူအစိတ်စိတ်
အမွာမွာ ကွဲနေတဲ့ ငါ့နှလုံးသား
နင့်ခြေရင်း ဆင်းသက်ကာ နင်းလိုက်တော့
ပန်းခင်းသဖွယ် ငါခင်းပေးလိုက်ပါ့မယ်


June 18
23း3 PM

မောင့် သူယောင်မယ်


မြစ်ဧရာနဒီကမ်းမှာ
မောင် လွမ်းလို့မျှော်နေပါတယ် ချစ်သူ
သောင်ပြင်ဟိုဖက်ကမ်းက ငွေစင်ယော် တောင်ပံ ခတ်သံ မေကြားနိုင်ပါ့မလား ။

ကမ်းဝေးတဲ့ပင်လယ်ပြင်
အလွမ်းဝေးလို့ မျှော်ရပြီထင် ချစ်သူကိုရင်မှာလွမ်း
သောင်ပြင်ကမ်းနဲ့ သက်သေတည် ပြုံးယောင်သန်းတဲ့လွမ်းမျက်ရည် ဖြေမဆည်နိုင်တာကြာခဲ့ပြီပေါ့ ချစ်သူ ။

နှစ်လ ရာသီ အလီလီပြောင်း
ပေမယ့် မဟောင်းသေးတဲ မောင့် အလွမ်း
လေညှင်းရယ် တသုန်သုန် မောင်ချမ်းကာ တုန်နေတော့ မောင့်ချစ်သူ ရင်ခွင်နွေးကို မြင်ယောင်ကာမှန်းစကြည့် ဒါတွေကို မေသိနိုင်ပါ့မလား။

ချစ်ခြင်းကိုဘာသာပြန်လို့ လွမ်းချင်းရင်မှာ
နားမှာကြားယောင်ကာ  မကုန်နိုင်သရွေ့ စကားသံချိုချို
ရောယောင်လို့တမ်းတလည်း လမ်းစရယ်ဆုံးအပြုံးတွေငတ်နေရင်း
မောင် မရှိတော့တဲ့ မေ့ ရင်ခွင်ကျယ်ဘယ်သူခိုလို့နားနေမလဲတွေးမိပြန်တယ် ။

ချစ်သူကိုမျှော်ကာငေးတော့
ရင်မှာမြင်ယောင်လာ မေ့ ပုံလွာ ပြုံးယောင်ကာ
ူမေ ကြည်စားနေလေရော့သလား မောင် မေးမယ့်ဟန်သာပြင် လေအဝေ့ မှာ ကြွေလွင့်ပေါ့ မေ့ပုံရိပ် ဖြေသိပ့်လို့လွမ်းမိပါသည် ။

ရင်တွင်းမှာလှိုက်ဖို ဒီလွမ်းပုံမှာ
စာစီရေးလို့မကုန် လိုလို့  သာနေပါမည်
မောင့်ရင်တွင်းချစ်ခြင်းအသင်္ချေရည်စူးလို့ပေးခဲ့လည်းပြစ်ထူးလို့ခွာရှောင် ပြေးသူကိုမျှော်ရင်းသာမောရပါသည် ။
ဒီရင်မှာ အလွမ်းရယ် ..................... ဆင့်



ganay + ခေးးး
12း43 AM

အချိန်လွန်ငှက် တမ်းချင်း



သံယောဇဉ်လက်ကျန်
မကုန်သေးလို့
နုတ်မဆက်ချင်ပဲ
နုတ်ဆက်နေရပေမယ့်
နာကျည်းမှုတွေကို
အခါခါ ပြို့အံ နေမိတယ်

ရက်စက်နိုင်သူအတွက်
အမုန်းဆိုတာ မရှိပေမယ့်
ကျန်ရစ်သူအတွက်ကတော့
ကမ္ဘာမကျေ စာတန်းထိုးပြီး
အဆုံးသတ် ခတ်နေတယ်

အခါခါ ကျခဲ့မိတဲ့
မျက်ရည်အတွက်
ဖြေစရာနေရာလဲ
ရှား ခဲ့ ပါ ပြီ.....။      ။

လွမ်းရဖို့ လမ်းပြလှည့်ပါ......

တစ်စုံတစ်ရာကို
မျှော်မှန်းကာ
လွမ်းချင်ပါ့ရဲ့
ဘာကိုလွမ်းလို့
လွမ်းရမှန်း မသိတဲ့
ငါ့ရဲ့ ဘဝ

တစ်ချိန်က
စွန့် ပစ်သွားတဲ့

နင့် ..........
ကိုလား
မွေးဖွားကာ
ကြီးပြင်းခဲ့တဲ့
ရွာကိုလား..
ဘယ်ဆီ ဘယ်ဝယ်မှန်း
မသိပဲရောက်ရှိနေတဲ့
ငယ်ငယ်က သူငယ်ချင်းကိုလား

အစဉ်အမြဲအေးချမ်းတဲ့
တောင်ကြီး ကိုလား

လေနုအေးတွေ
တိုက်ခတ်နေတဲ့
မော်လမြိုင်တံတား
ကြီးကိုလား

တခါတခေါက်ရောက်
ခဲ့ဘူးတဲ့....
ဇွဲကပင် တောင်ခြေကိုလား

လိုချင်တာရပြီး
မီးရောင်စုံတဲ့
စင်ကာပူ နိုင်ငံကြီးကိုလား

ဘူးသီးငါးပေါင်းကြော်
ပူပူလေးကိုစားခဲ့ရတဲ့
ဦးပိန် .. တံတားကိုလား

နွေလယ်ပေမယ့်
အေးမြနေတဲ့
အညာက တမာတန်းတွေကိုလား

ချစ်ဆုံးသူနဲ့
အတူတူတိတ်ဆိတ်စွာ
လျှောက်ခဲ့ဘူးတဲ့
ခရေပင် လမ်းလေးကိုလား

ဘာကိုလွမ်းရမလဲကွာ

စိတ်ကူး.........

တော်ရာအဝေးက
မျှော်ကာငေးနေပေမယ့်
ပြုံးတော့မည့်
သူ့ အသွင်ဟန်
မှန်လိမ့်မယ်အတွေးတစ်ခုနဲ့
မုန်းဆခဲ့ပေမယ့်လည်း
အရိပ်အကဲတွေခတ်ကြည့်တော့
ငါ့ကိုသတိမထားမိသလို
အဝေးကိုပဲ ငေးနေလို့
မျှော်သူအဖို့ စိတ်နာနာနဲ့
ပြောခဲ့ချင်တယ်
မုန်း တယ်လို့ ...။

သန်းခေါင်ယံ အိပ်မက်..

ကျိန်စာလား လီမ်တာလား

လို့တော့ နင်မမေးနဲ့
ငါ့ သစွာအတွက်
သက်သေထူလိုက်တာပါ
ပျော်စရာ အီမ်မက်ကို
အပိုင်းပိုင်းဖြစ်အောင်
နင်ရက်စက်ပြီးမှ
ချော့တခါ ခြောက်တလှည့် နဲ့
ပြန်ဆက်ချင်နေတဲ့
နင့်စိတ်ကူးတွေကို
ငါ့ နှလုံးသွေးနဲ့
ဆေးလို့လဲ အပိုပဲ

သံသရာ မပါချင်တော့လို့
ခံစရာရှိတာတွေကို
အခု ဘ၀ ထဲမှာပဲ
ထားချင်တယ်

အချိန်ကြလို့
နင့် အီမ်မက်က
နိုးထမယ် ဆိုရင်တော့
အတိတ်အကြောင်းက
ရင်ခွင်ဟောင်းကို
နင် လွမ်းတတ်ပါစေ
ငါဆုတောင်းနေပါ့မယ်...

မောင့်......... ချစ်သူ



မမြင်ရက်ပေမယ့်
နှင်ချက်ကနာ
ရင်ဝ ကို စုံကန်
ထွက်လေသူ
နီညိုရောင်တီမ်တိုက်
တွေနဲ့ အတူ
တရွေ့ ရွေ့ ဝေးကွာသွားတဲ့
ချစ်သူ ............................
အမှောင်အောက်မှာ
မောင်တယောက်
ဘယ်အချိန်ထိ
စောင့်နေရမှာလဲ
ရက်မှလ လမှနှစ်သို့
အလီလီကူးပြောင်း
မမေ့ နိုင်ခဲ့တဲ့မင်း ပုံရိပ်
လွမ်းရင်းနဲ့ ကြိတ်မှိတ်
အဖော်မဲ့လေတဲ့ ဒီရင်ခွင်
သတိမှရလေရဲ့လားလို့
အတွေးများက နှိပ်စက်
ဟိုး..... အရင်အတိတ်က
မောင့် .... ချစ်သူ


ခရေပင် အောက်
မောင်တယောက်
စောင့်မျှော်နေဆဲပါ

မေ့  ... အနမ်း
မောင်လွမ်းနေဆဲပါ..

မေ့ ...စကား
မောင် ကြားနေဆဲပါ

မေ့ ... အပြော
မောင် သဘောကျနေဆဲပါ

မေ..... လျှောက်တဲ့လမ်း
မောင် လှမ်းနေဆဲပါ

Friday, July 27, 2012

ရန်ကုန်ရဲ့ ......... ည



နီယွန် မီးရောင်အောက်က တပ်မက်တဲ့
မျက်ဝန်းတွေနဲ့ကြည့်ကာ ခုနှစ်တွေအက မယ်တွေ နဲ့
ဲ့အေးစက်စက် ဖန်ခွက်ထဲက ဘီယာတွေကို
ငွေနဲ့ အရည်ဖျော်တဲ့ ............ည

 ဂုဏ်တွေ ငွေတွေ ကြောင့်ကြမှုတွေနဲ့
စနီုးစနောင့် အိပ်စက်နေတဲ့ သခင့် အလိုတော့ကျ
ခန်းစက်ရာဆောင်နန်းကို သစွာရှိစွာ စောင့်ကြပ်နေရတဲ့
ခွေး....... တစ်ကောင် ရဲ့........ ည

မှောင်ပျပျ အလင်းတိုင်ရဲ့အောက်
ချောင်ကျကျ စားပွဲတစ်လုံးမှာ
မနေ့က ရခဲ့တဲ့စာမူခ တွေကို အရည်ဖျော်
ယနေ့ ထွက်ကျလာမယ့် ခပ်ဟဟ ရင်ခွင်ထဲက
စကားလုံးလေးတွေကို စာစီကာ
ချရေးဖို့ ပြင်နေတဲ့ ယမကာ
လုလင် ကလောင်ရှင် ရဲ့ .................... ည

ချစ်ခဲ့ဖူး သူကိုမျှော်ရည်မှန်း
သံစဉ်တွေ ယောက်ရပ်ခပ်ကာ
ဂစ်တာအို တစ်လက်ကို
ရင်ခွင်မှာပိုက် လွမ်းချင်းတွေ
အခါခါ ဖွင့်ခါ ချ
အသည်းကွဲနေတဲ့
လူငယ်တစ်ယောက် ၇ဲ့
သံစုံကျူး တဲ့ ................. ည

အမှောင်တိုက်ကို အကာအကွယ်ယူ
အီမ်ခြေတွေကို သမင်လည်ပြန်ကြည့်
နွေးထွေးစွာ အိပ်စက်နေတဲ့
ခြံရှင်တွေရဲ့ ပစွည်းကို အလစ်သုတ်
အထုပ်, ထုပ်ရန်
ကြံရွယ်နေတဲ့
သူခီုး တစ်ယောက်ရဲ့
ချောင်းမြောင်းနေတဲ့ .....................ည

ကားအကောင်းတွေကို ထည်လဲစီး
ပေတရာလမ်းပေါ် လူမထင်ဟန်တွေနဲ့
ယှဉ်ပြိုင်ခါ မောင်း
လူ့ပေါ်ကျော့ ငမိုက်သားတွေရဲ့
ကွဲအပ်အပ် လှောင်ရယ်သံတွေ
ပြည့်ဖုံးနေတဲ့ ................. ည

ရုံးဆင်းရုံးပြန်
ငပိ သိပ်သလို မွန်းကျပ်ကျပ်
ဘတ် (စ်)ကား ပေါ်က
ကားခ တောင်းသံ အကြွေပြန်အမ်းရန်
တစ်ယောက်တစ်ခွန်း
စကားများဟန်တွေနဲ့
အခြေခံ လူတန်းစာတွေရဲ့...............ည

ဒီစာဖြစ်ပေါ်လာဖို့
အတွေးများစွာကို အလုပ်ပေး
သူများတွေထက်ဦးအောင်
ဖေ့ဘုတ် ( face book ) မှာ
တင်နိုင်ဖို့ကြိုးစား ကွန်မန့်တွေ
ပလူပျံအောင် ရှိနေပါ့မလားလို့
စိတ်တွေစောပြီး
ကွန်ပြူတာရှေ့မှာ
အိပ်ချင်ရဲ့နဲ့ မငိုက်နိုင်အောင်
ကြိုးစားနေတဲ့
ငါ့ရဲ့ ..................... ည

Thursday, July 26, 2012

မောင့် ကိုမုန်းတယ် တဲ့



စီမ်းကားရက်စက်
 လမ်းခွဲထွက်ဖို့
ချိုသာစကား
ပန်းနုရောင်
နုတ်ခမ်းဖျားက
ပြောထွက်ရက်တဲ့
ကောင်းမလေး ရယ်

အတွေးနက် , နက်
ဆွေးတသက်သက်နဲ့
လွမ်းရက်တွေမှာ
ဖြေရှာမရ
သေချာတာက
မောင့် ကိုမုန်းတယ် တဲ့

နှင်းငွေ့ ရစ်သိုင်း
မြူတွေဆိုင်းတဲ့
ထင်းရှူးရိပ်သန်း
တောင်ပြာတန်းမှာ
သံယောဇဉ်
ဆင့်ကာပွား
မေတ္တာ တေ
ွအစဉ်ထားလို့
ကောင်းကင် ကို
တိုင်တည်သမှု
သစွာ တွေစုကာ
ပြောခဲ့တဲ့ မေ့ စကား
မောင် ကြားယောင်ဆဲပါ
သိပ့်ချစ်တယ် မောင်ရယ်တဲ့

ခုတော့ဖြင့်
အသွင်ပြောင်း
အချစ်ဟောင်းကိုမေ့ကာ
နှလုံးသားကိုထုဆစ်
မောင် မေးလိုက်ချင်တယ်
အချစ်သစ်နဲ့ ပျော်ချင်တာလား

နာကျင်ပေမယ့် မခွဲရက် သူပါ.....



ပျော်ချင်တိုင်း ပျော်
ရော်ချင်တိုင်း နင်ရော်ခဲ့ပြီးမှ
အီမ်မက်ဆန်တဲ့ ထုချေ လွာတွေ့နဲ့
ငါ့ ကို မချည်နှောင်ချင်ပါနဲ့တော့...

တကယ်ဆို အတိတ်မေ့ဖို့ ဆုတောင်းမိတဲ့
ငါ့ ရဲ့ မျက်ရည် ချောင်းတံတားလေးလဲ
အကြီမ်ကြီမ် ကြေမွခဲ့ပြီးပါပြီ ။

အချိန်ကို ကန့်သပ် ချင်ပေမယ့်
ဖြည့်ဆီးလို့ မရခဲ့တဲ့အရာတွေက
ကောင်းကင်ယံက လေတွေနဲ့ အတူ
မျောလွင့်သွားခဲ့ပြီလေ .......

အာဏာပါးကွက်သား တို့ရဲ့ထုံးစံ အတိုင်း
ငါ့နှသားကို အမိန့်ပေးပြီး
သတ်စေချင်ခဲ့တာ မဟုတ်လား ။

ဟိုးအဝေးမှာ လာနေတာ တွေ့လား
နင် အမိန့်ပေးပြီး သေစေခဲ့တဲ့
ငါ့ နှလုံးသား ရဲ့ ၀ိဥာည်လေ
ဘယ်တော့မှ နင့်ကို ခွဲမသွားချင်လို့တဲ့
အရိပ်ကလေး အဖြစ်လိုက်ခွင့် ပေးလိုက်ပါဟာ....

ဒီည ............



ဒီည ............
ဟုတ်တယ် ဒီတစ်ည ကို ငါ့ရဲ့ည အဖြစ်သုံးခွင့်ပြုပါ
ငါ့အနားကို နင်မလာခဲ့ပါနဲ့
နင့်ကို မလာစေချင်တာမဟုတ်ပါဘူး


ဇတ်တူသားကိုစားသုံးချင်နေတဲ့
အဆွယ်တဖွေးဖွေးနဲ့ လူဟန်ဆောင်နေတဲ့
လူသားတွေငါ့အနီးဝန်းကျင်မှာရှိနေတယ်


ပုတ်အဲ့အဲ့ အနံဆိုးတွေနဲ့
လူ့ သွေးကိုမှ မြန်ရှက်စွာ သောက်သုံးမဲ့
ခြင် ဟန်ဆောင်တဲ့လူသားတွေ
ဟိုဒီသွားလာ လှုပ်ရှားနေကြတယ်


အုံနဲ့ကျင်းနဲ့ လိုက်ဆွဲတတ်တဲ့
ခွေးအ လိုဟန်ဆောင်နေတဲ့လူသားတွေ
ယောက်ယက်ခတ်ပြီးပြေးလွှားနေကြတယ်


ဟောပြောရင်းဆိုရင်း
ညနတ်မိမယ် တစ်ယောက်
လမ်းမှားရောက်လာတာလား
တမင်ပဲ ဒီလမ်းကိုမှ ရွေးလာတာလား
သြော်...... မတွေးဝံ့စရာပါလား
စိတ်ပျက်စရာညလားးးးးးးး
ဒီလိုညတွေ ဘယ်တော့ပျောက်ဆုံးမှာလဲ....


ဒီည ............
ဟုတ်တယ် ဒီတစ်ည ကို ငါ့ရဲ့ည အဖြစ်သုံးခွင့်ပြုပါ
ငါ့အနားကို နင်မလာခဲ့ပါနဲ့
နင့်ကို မလာစေချင်တာမဟုတ်ပါဘူး

လွမ်းရဲလို့ လမ်းခွဲ သွားတာလား



ဟိုးလွန်ခဲ့တဲ့
နှစ်တစ်သောင်းတုန်းက
လူ လိုလို မျောက် လိုလို
သတ္တဝါ တွေက
မိုးချိန်းသံကြားရင်ကြောက်ပြီး
ကျောက်ဆောင်တွေကို ထိုင်ရှစ်ခိုးကြတယ်တဲ့
ကိုယ်ကတော့ မိုးချိန်းတာကို မကြောက်တတ်ပေမယ့်
ချစ်သူမုန်းမှာကိုတော့ ကြောက်တတ်တယ်
ဒါပေမယ့် သူတို့လိုတော့ ထိုင်ရှိခိုးလီမ့်မယ်လို့တော့
မျှော်လင့်မနေပါနဲ့ ချစ်သူ
ချစ်သူ ကတောင်လွမ်းရဲလို့ လမ်းခွဲခဲ့တာပဲ...
ကိုယ်ဘာပြောစရာ ရှိနေဦးမှာလဲ.....
ကိုယ်လဲ လွမ်း ရဲရတော့ မှာပေါ့

သံသရာ ဆိုတာ
မယုံချင်လို့တော့ ရတယ် ချစ်သူ
မဆုံချင်လို့တော့ မရဘူး
တစ်နေ့နေ့ တစ်ချိန်ချိန်
မဟုတ်တောင် အရင်က
ထားခဲ့ဘူးတဲ့ သစွာသာမှန်ကန်ခဲ့ပါစေ
နောက် ဘ၀တော့ တို့တွေ ပြန်ဆုံနိုင်ဦးမှာပါ...

စိတ်ပြေလက်ပျောက်






စိတ်နဲ့
ခိုးခိုးပြီး ဆိုလိုက်ရတာ
ဘယ်သူမဆို ပင်းသွားအောင်
မကြားရတော့တဲ့ အထိ ။
လမင်းရဲ့
အလင်းစက်မှုန်ရီတဝေ့ စာမှာ
အေးစက်စက် လက်တွေနဲ့
ခေတ်ကို ပွေ့ဖက်ထားချင်ခဲ့တဲ့ကောင်
နာရီတွေ ကဆုန်စိုင်းခဲ့ရင်ပေါ့ ။


ကံ မကောင်းချင်တော့ !
ကံ ကောင်းချင်ယောင်ဆောင်ထားတဲ့
လူ့ ယဉ်ကျေးတွေနဲ့
တွေ့တွေ့နေရ !
ကံ ကောင်းချင်တော့ !
 ကံမကောင်းတာသေချာတဲ့
လူ့အန္ဓတွေနဲ့
တွေ့တွေ့နေရ !
အဟုတ်ပါ.....
ဒုက္ခဆိုတာ
ပါးစပ်နဲ့မျိုကြည့်ရတာကိုက .... ချိုသား ။


ပြောချင်တာက.... ဒီလို ။

" ဒီလိုပါပဲလေ "  ဆိုတဲ့ ဘူတာရုံ မှာ
ခရီးဝေးသွားမယ့်လူတွေက
ရထားကြီးကို မျှော်ပြီး ..... ပျင်းလို့ ၊
ရထားကြီးကလည်း
ခရီးဝေးကြီးကို မျှော်ပြီး .............. ပျင်းလို့ ။     ။

ဆေးဖက်ဝင်တဲ့ သီချင်း





သူတို့
ကြယ်တွေကိုခူးတော့
လမင်း ၀ိုင်းစက်စက်ဟာ
ကောင်းကင် မျက်နှာကျက်မှာကူးတုန်း ။

နှင်းသနပ်ခါး ထူပိန်းပိန်းမှာ
တန်ဆောင်မုန်းည ပြာလဲ့
( ဘာတဲ့ ! )
ဆေးပေါင်းခ , တယ်ဆိုပဲ ။

နံနက်လင်းတော့
ငါပိုင်ဆိုင်တဲ့ နွယ်မြက်တစ်ခင်းလုံး
ဝရုန်းသုန်းကား တဆတ်ဆတ်
ခေါင်းပြတ် ၊ ခြေပြတ် ။ ။ 


စကားထာ




ဒုက္ခဖွယ်ဖွယ်ရာရာနဲ့
တစ်ကိုယ်စာ လွတ်မြောက်ရုံ
ထွက်ပေါက်ရလိုရငြား
စိတ်ကစားကြည့်မိပါတယ်
အလှည့်ကျသူတွေ
ဆင်ခြေပေးခွင့် မရှိတဲ့နေရာမှာ
ငါ့
နာမည်
စာမျက်နှာ ဘယ်လောက်လဲ.....

ချည်တိုင်





အမေက
ကျွန်တော့်ရဲ့ သောကတွေကို
သူ့ ရင်ဘတ်မှာ ချိတ်ဆွဲပေးရဲခဲ့သလောက်
ကျွန်တော်က
အမေ့ ရဲ့ ဒုက္ခတွေကို
မျက်စေ့ မှိတ် အသံတိတ်နေခဲ့တယ်....။


အမေက
ကျွန်တော့်ရဲ့ ခေါင်းမာမှုတွေကို
တိတ်တဆိတ် အားပေးနေခဲ့သလောက်
ကျွန်တော်က
အမေရဲ့ ရွံ့ရွံ့ချွန်ချွန် ရုန်းကန်မှုတွေကို
မသိကျိုးကျွံပြု လစ်လျူရှူနေခဲ့တယ်....။


ကျွန်တော့်အတွက် မီးပြတိုက်ကို
အမေ့ဘ၀နဲ့ထွန်းညှိ လင်းမြပြီးကာစ
လ , တစ်စင်းနဲ့
ကြယ်စင်သင်းဖွဲ့
ရိုင်းပင်းစုံညီ သိုင်းဝိုင်းနေကာမှ
ကျွန်တော်က
နှစ်ချို့ နောင်တတွေနဲ့ အိမ်အပြန်.....။ 



မှတ်ချက် ။ ။ကောင်းကင်မှ ကိုညီလင်းနိုင် ( ညမီးအိမ် ) နှင့်
ရပ်ဝေးမြေခြားသို့ ရောက်ရှိနေကြသော
သူငယ်ချင်းများအတွက် နှစ်သစ်မှာ မိဘကျေးဇူးများကို နောင်တ
တွေနဲ့ အိမ်အပြန် ဖြစ်မနေကြရအောင် သီကုံးရေးစပ်ပါသည် ။ 

အေ ( A )


Friends18.com Orkut Scraps




အေ ( A )
မြုံနေတဲ့ စိတ်အနာ
ဘယ်အခါပေါက်ပေါက်
( ခုထက်ပိုပြီး )
မနာလောက်တော့ပါဘူး     ။
 
 
ဥုံ ! ဖွ
a = တစ်ခု တစ်ကောင် တစ်ယောက်

Saturday, July 21, 2012

သစ္စာ ပြုပါတယ်...




....ငါ့ ကို......
ဘာကြောင့်များ
တိတ်ဆိတ်စွာစွန့် ခွာဖို့ကြိုစား
နေတယ်ဆိုတာ ..
ငါသိပြိ ချစ်သူ...

နင့် အပေါင်းအသင်းတွေ ရှေ့ မှာ
နင်တွဲပြဖို့ ရှက်နေတာလား...?
ငါလို ငမွဲကို ချစ်ဖို့...
နင်အစောကြီးကတည်းကဘာလို့မရှက်ခဲ့တာလဲ...?

နင်ဆီးချင်တဲ့ ဖိနပ်တရံအတွက်..
ငါ့မာန တွေ အရည်ဖျော်ပေးရမှာလား...?

နင်တက်ချင်တဲ့ ကလပ် အတွက်ရော..
ငါ့လည်တိုင်ကို ပေတရာပေါ်
ကြေငြာစေချင်လား...

နင်လိုချင်တဲ့ အသပြာက
နင့် ဘ၀ ကိုအဆင့်မြင့်မြင့်
ထားနိုင်မယ်လို့ ...
နင်တစ်ထထစ်ချ ယူဆနေလား...?

ဟီုးအဝေးက ...
လျှောက်လှမ်းလာတဲ့
ချာတိတ်လေးကို နင်ကြည့်လိုက်စမ်းပါ...
နွေနေပူနေပေမယ့်
ခြေမပူနိုင်အောင်
ဘ၀ကို ရုံးကန်နေတယ်...

ဟုတ်ပါတယ်.....
နင်ကြိုက်တဲ့ အသပြာတွေ..
ငါရှာမပေးနိုင်ခဲ့ဘူး...
ဒါကြောင့် စွန်ခွာဖို့ ကြိုးစားတဲ့
နင့်ကို ငါအပြစ်မမြင်တော့ပါဘူး...

ဒါပေမယ့် ....
နင်တပါးသူနဲ့
မင်္ဂလာ ဆောင်မယ်နေ့မှာတော့
နင်နဲ့လိုက်ဖက်မယ့်... စိန်တစ်ပွင့်တော့
ငါရဲ့ ချစ် သစွာ အနေနဲ့

အဝေးတစ်နေရာကနေ
မရောက် , ရောက်အောင်
ငါဆောင်ကျဉ်းပေးပါ့မယ်....

ခင်ဗျားနိုင်ပါတယ်...




...ခင်ဗျားနိုင်ပါတယ်... တိတ်ဆိတ်စွာကြေကွဲဖို့
ဖန်ဆင်းခဲ့တာလား...?

အလဲလဲ ပြိုလဲအောင်
လုပ်ခဲ့တာလား...?

ဝမ်းနည်းတိတ်ဆိတ်စွာ
ကျခဲ့ရတဲ့ မျက်ရည်တစ်စက်အတွက်
ဘာလျှော်ကြေးကိုမှ
မတောင်းဆိုချင်တော့ဘူး

ငါရေးခဲ့တဲ့
ငါ့ကဗျာတွေ
ငါ့စာတွေ
ဘယ်သူ့ အတွက်လဲ...?

မသိယောင်ဆောင်နိုင်ပေမယ်
မမြင်ချင်ယောင်တော့ ဆောင်လို့မရပါဘူး..
ဘယ်အရာမဆို အချိန်က ကုစားနေတယ်လို့
ထင်ရင် အမှားကြီးမှားလိမ့်မယ်ချစ်သူရယ်...

အရာရာအတွက် ဒိထက်ရှုံးနိမ့်
နိုင်ဖို့ကိုလဲ ပြင်ဆင်ပြီးသားပါ...

ဒါပေမယ့်......
တမ်းတ စိတ်ကို တော့
ဘယ်လိုမှ တားဆီးပိုင်ခွင့်
မရှိတဲ့အတွက် နားလည်ပေးပါ....

နောက်နောင်များမှာပေါ့နော်......
လမ်းတွေ့ ရင်တောင်
မမြင်အောင်ရှောင်လွဲ
နိုင်ပေမယ့်....
တိတ်ဆိတ်စွာ မျှော်ငေး
ကြည့်ခွင့်တောလေးတော့

ရရှိနိုင်မယ်ထင်ပါတယ်

ငါ့လျှို့ဝှက်ချက်....




ငါမဖိတ်ခေါ်ပဲနင်ရောက်နေခဲ့တယ်
 ငါ့အခန်းကျင်းကျင်းလေးထဲ တစ္ဆေ တစ်ကောင်လိုပဲ..

ရက်စက်စွာနဲ့ နုတ်ယူဖို့ကြိုးစားခဲ့တဲ့
ငါ့နှလုံးသားတစ်စုံ...

မှောင်မိုက်နေတဲ့ညမှာ...
ကြယ်ရောင်တစ်ချို့ကြောင့်...
သဲကွာစွာမမြင်နိုင်ပေမယ့်
အောင်နိုင်သူတစ်ယောက်လို
နင် ဟားတိုက်နေမယ်ဆိုတာ
ငါယုံကြည်မိပါတယ်....

ဘ၀ကြီုးဝိုင်းမှာ..အရာရာ
အောင်နိုင်ခဲ့ပေမယ့် ...
သံယောဇဉ်ကြိုးဝိုင်းမှာငါနင့်ကို
အကြီမ်ကြီမ် ရှုံးနီမ့်နေခဲ့တယ်..

ငါ့ ၀ိဥာဉ်ကို နင်နုတ်ယူဖို့ ကြိုးစားနေပြီပေါ့...

လှပစွာရှိခဲ့ဘူးတဲ့...
နင်နဲ့ငါ့ရဲ့ အီမ်မက်တွေ
တစ္ဆေ တစ်ကောင်လို
နင်ကြောက်လန့် နိုင်ရက်တယ်ပေါ့...

ငါအတွေးခေါင်နေတာတော့မဟုတ်ပါဘူး...
နင့်ရဲ့ လှည့်စားမှုကို...
ငါသိသိကြီးနဲ့ပဲ
ငါလည်စင်းခံနေတာပါ..

တချိန်ချိန်မှာ ငါ့ ယုံကြည့်မှုတွေအတွက်
နယူတန် ရဲ့ နိယာမတွေ ဒီလောကကြီးမှာ
တည်ရှိနေတယ်...

တန်ပြန်ခံစားနိုင်ဖို့
နင်....
အားမွေးလို့ စောင့်နေပါတော့ ....

တိတ်ဆိတ်တဲ့ငါ့ရဲ့ည.......




တိတ်ဆိတ်တဲ့ငါ့ရဲ့ည တနေရာရာ မှာ နင်ရှိနေမယ်လို့ ထင်ခဲ့တာ ဒါပေမယ့် သံသရာ ရထားက နင့်ကို ငါမမြင်နိုင်တဲ့
တနေရာကို ခေါ်ဆောင်နေတယ်..

လောက အပြင်လား..?
စကြာဝဠာ အပြင်ဘက်လား..?

ဟိုးအဝေး တစွေတစ်ကောင်
ငါ့ကို လက်ယက်ခေါ်နေတယ်
တီမ်တွေ ၀ါးမြိုသွားတဲ့ ငါ့လမင်း ရော
ဘယ်ဆီရောက်နေပြီလဲ...

ဟင့်အင်း ဒါတကယ် မဖြစ်နိုင်ဘူး
ချစ်သူ အမြန်ပြန်လာပါ .....
ငါ ကြောက် , ကြောက်လှပြီကွာ
ငါအိမ်မက် , မက်နေတာလား
မဖြစ်နိုင်ဘူး ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး
နင် ငါ့ကို ငါမသိအောင်ခွဲခွာသွားမှာ မဟုတ်ဘူး

မလိုက်ဘူး..မလိုက်ဘူး ..
အား .......... အား...
ငါ .. ငါ ဘယ်ရောက်နေတာလဲ..
ဟင် ငါ့ရှေ့ မှာ သံတိုင်တွေ ပါလား..
ဒါဆို ငါ... ငါ ..
မစဉ်းစား ချင်တော့ဘူး
ကျိန်းသေပြီ ... ငါရူးနေပြီ..ငါရူးနေပြီပေါ့..

ချစ်သူ နင်ငါ့ ကိုတယောက်ထဲထားခဲ့ရက်ပြီပေါ့.............

2008 ခုနှစ် ဖြစ်ပျက်ခဲ့သော သူငယ်ချင်းအတွက်......

အချစ် ဆိုတာကို လျှာဖျားမှာတပ် စစ်သေနတ် ပစ်တိုင်း ကစားချင်နေတာလား..?




အချစ် ဆိုတာကို လျှာဖျားမှာတပ်
စစ်သေနပ် ပစ်တိုင်း ကစားချင်နေတာလား..?
ငယ်ရွယ်စဉ် မှာကြိုက်တာကိုရွေး..
အရွယ်လွန် အိုကာမှ ငိုရကျိုးနပ်ချင်တာလား..?

တန်ဖိုးကြိးတဲ့ အရာကိုမှ...
ဈေးဖန်းခေါင်းပေါ်ရွက်

Friends18.com Orkut Scraps
Friends18.com Emo Boys Pictures

ရောင်းချင်တဲ့ နင့်အဖြစ်ကို
ငါကြောက်တတ်ချင်ပြီ...
ဘ၀ဆိုတဲ့ ဖိနပ်တရံ ကိုမပျက်မချင်းစီးနေတဲ့ ငါ့ကို
နွေနေပူမျာ ဖြေကျင် လျှောက်ခိုင်းချင်နေတာလား..?
ခြောက်ကပ်နေတဲ့ ငါ့အာခေါင် အတွက် ရေသန့်တစ်ဘူး
ဝယ်သောက်ဖို့ နင့်ကို တိုင်ပင်သင့်ခဲ့တာပါ..
ငါဆိုတဲ့ကောင် လောကမှာ နှစ်ယောက်မရှိပေမယ့်
နင်ဆိုတဲ့ ကောင်မလေး ကတော့ တစ်ယောက်ပဲ ရှိခဲ့တယ်
ရာဗင်ဒရာနတ်တစ်ဂီုး ကပြောရင်နင်ယုံမလား..?
အချစ်စစ် တွေ့ ဖို့ငါလမ်းမလျှောက်တော့ဘူး..
ီအိမ်ရှေ့ တစပ်မိတ်အောက်က ပျော်ရွင်နေတဲ့
စာသိုက်ကလေး ကိုပဲ ငါထိုင်ကြည့်တော့မယ်..
ဆုံးဖျက်ချက်တွေကို ရထားလမ်းပေါ်တင်ခဲ့ပေမယ့်
အဲဒီနေ့ က ရထားခေါင်း စက်ပြတ်နေတဲ့နေ့ တဲ့..

သြော်........
                     ထိုတစ်နေ့ နေ့ ပေါ့... ကယောင်ကတမ်းနဲ့ ငါညီးတွားနေမိတယ်...