Sunday, July 29, 2012

အမုန်း သံစဉ်




သံစဉ်သစ် နဲ့ စာသားမဲ့
တေးသွားတစ်ပုဒ်
ငါ့ နှလုံးသွေး နဲ့
ရေးထုတ်ခဲ့ပြီ ချစ်သူ.........
ငါ့ သံစဉ် နဲ့ တေးသွားမှာ
နင် ပါမလာတာတော့ သေချာနေပြီ

ဟုတ်ပါတယ် ငါ့ရင်ရဲ့
အဝေးတစ်နေရာ
နင်က ကွယ်ထွက်ကာ ပြေးလေတော့
အလွမ်းရင့်ရင့် နှလုံးသားနဲ့
ထုဆစ်ထားတဲ့ ငါ့အနာဂတ်
နင်တစ်ချက်လောက်
လှည့်ကြည့်လိုက်ပါ ချစ်သူ

ပြန်ပြင်လို့ မရတော့တဲ့
နင့်အမှားအတွက် ၀န်ချ
တောင်းပန်လဲ ငါ့အတွက်တော့
လွန်ခဲ့တဲ့ အတိတ်အတွက်
လည်ပြန်မကြည့်သင့်တော့ဘူး
နင် ငယ်ငယ် တုန်းက
သင်ခဲ့ဘူးတဲ့ သမိုင်း
စာမျက်နှာကို ပြန်အမှတ်ရလိုက်စမ်းပါ
ဟန်မူရာဘီ ရဲ့ ကိုယ်ဓ ဥပဒေ
ဆိုတာကို နင်နားလည်ခဲ့မှာပေါ့
ငါ့ နှလုံးသား ကြေမွ ခဲ့သလို
နင့်ရင်ခွင်လဲ ကွဲအပ်စေရမယ်

မှားခဲ့တာ ငါလားးးး
နားလည်ပါတယ်ဆို
ပြောခဲ့တဲ့ နင့်စကား
ဘယ်မှာများ ထားခဲ့ပြီလဲ ချစ်သူ
ငါ့အချစ်တွေ တောက်ပနေပါသေးတယ်
ရာဇ၀င် ကိုနင်ပြန်ကြည့်
မှတ်မိနေမယ့် ငါ့အချစ်
ကျိန်ဆိုခဲ့တဲ့ နင့်အမုန်း
ငါရူးမိုက်စွာ အရှုံးပေးခဲ့ဘူးပါတယ်
ပျော်လိုက်ပါတော့ချစ်သူအစိတ်စိတ်
အမွာမွာ ကွဲနေတဲ့ ငါ့နှလုံးသား
နင့်ခြေရင်း ဆင်းသက်ကာ နင်းလိုက်တော့
ပန်းခင်းသဖွယ် ငါခင်းပေးလိုက်ပါ့မယ်


June 18
23း3 PM

No comments:

Post a Comment