Saturday, July 21, 2012

သစ္စာ ပြုပါတယ်...




....ငါ့ ကို......
ဘာကြောင့်များ
တိတ်ဆိတ်စွာစွန့် ခွာဖို့ကြိုစား
နေတယ်ဆိုတာ ..
ငါသိပြိ ချစ်သူ...

နင့် အပေါင်းအသင်းတွေ ရှေ့ မှာ
နင်တွဲပြဖို့ ရှက်နေတာလား...?
ငါလို ငမွဲကို ချစ်ဖို့...
နင်အစောကြီးကတည်းကဘာလို့မရှက်ခဲ့တာလဲ...?

နင်ဆီးချင်တဲ့ ဖိနပ်တရံအတွက်..
ငါ့မာန တွေ အရည်ဖျော်ပေးရမှာလား...?

နင်တက်ချင်တဲ့ ကလပ် အတွက်ရော..
ငါ့လည်တိုင်ကို ပေတရာပေါ်
ကြေငြာစေချင်လား...

နင်လိုချင်တဲ့ အသပြာက
နင့် ဘ၀ ကိုအဆင့်မြင့်မြင့်
ထားနိုင်မယ်လို့ ...
နင်တစ်ထထစ်ချ ယူဆနေလား...?

ဟီုးအဝေးက ...
လျှောက်လှမ်းလာတဲ့
ချာတိတ်လေးကို နင်ကြည့်လိုက်စမ်းပါ...
နွေနေပူနေပေမယ့်
ခြေမပူနိုင်အောင်
ဘ၀ကို ရုံးကန်နေတယ်...

ဟုတ်ပါတယ်.....
နင်ကြိုက်တဲ့ အသပြာတွေ..
ငါရှာမပေးနိုင်ခဲ့ဘူး...
ဒါကြောင့် စွန်ခွာဖို့ ကြိုးစားတဲ့
နင့်ကို ငါအပြစ်မမြင်တော့ပါဘူး...

ဒါပေမယ့် ....
နင်တပါးသူနဲ့
မင်္ဂလာ ဆောင်မယ်နေ့မှာတော့
နင်နဲ့လိုက်ဖက်မယ့်... စိန်တစ်ပွင့်တော့
ငါရဲ့ ချစ် သစွာ အနေနဲ့

အဝေးတစ်နေရာကနေ
မရောက် , ရောက်အောင်
ငါဆောင်ကျဉ်းပေးပါ့မယ်....

No comments:

Post a Comment