GaNay
စိတ်ရဲ့ ထွက်ပေါက်တစ်ခု အနေနဲ့ စာရေးချင်လို့ပါဗျာ...
Thursday, December 27, 2012
အေးမြခြင်းနဲ့အတူခရေပင်လမ်းကခရေရနံ့ တွေနဲံ မောင့်ရဲ့နွယ်
အေးမြခြင်းနဲ့အတူခရေပင်လမ်းကခရေရနံ့ တွေနဲံ မောင့်ရဲ့နွယ်
**************************************************
အနောက်ဖက်ယွန်းကို
ရောင်နီတချို့မှိန်သယောင်
လင်းသယောင်နဲ့
အမှောင်မရောက်ခင်စပ်ကြား
ညနေခင်းဆည်းဆာရဲ့ အလှနဲ့အတူ
မြူမှုံအချို့ နဲ့ အေးမြခြင်း ဆောင်းဟေမာန်
ချင်းနင်းဝင်ရောက်ဖို့တာစူနေပီ ။
ဒီအချိန်တွေရောက်ရင်
အရင်ဆုံး သတိရမိ လွမ်းဆွတ်မိတာက
မောင့် အရင် အခြားမဲ့ ဘ၀ပန်းတိုင်ကို
လျှောက်လှမ်းသွားတဲ့ မောင့်ရဲ့ နွယ်
ကုန်လွန်ခဲ့ ဒီဇင်ဘာ( ၁၃ )ရက်
မောင်နဲ့ နွယ်တို့ရဲ့ ချစ်သူသက်တမ်း
( ၄ ) နှစ် ပြည့်သလို
မောင့်ဘ၀ထဲက ပြင်ပကမ္ဘာကိုထွက်ပြေးသွားတဲ့ 
( ၇ ) လပြည့်တဲ့ အထိမ်းအမှတ်လဲ ဖြစ်နေပြန်တယ်
တိုက်ပဲ တိုက်ဆိုင်နိုင်လွန်းတယ် နွယ်ရယ် ။
နွယ်နဲ့မောင် စတွေ့ ကြတာ ရန်ကုန်မြို့ရဲ့ အမှတ်တရ
နေရာတွေအများကြီးထဲက ခရေပင်လမ်းလေးပါ နွယ်
ခရေပန်းရနံ့ သင်းသင်းလေးနဲ့ 
ခရေပင်လမ်းလေးထဲမှာ အေးမြတဲ့ 
ဒီဇင်ဘာရဲ့ ညနေဆည်းဆာကိုနောက်ခံပြုပီး
မောင်တို့နှစ်ယောက် တစ်ယောက်ရဲ့လက်ကိုတစ်ယောက်က
ယှက်နွယ် ခရေရနံနဲ့ညနေဆည်းဆာကို
မောင်တို့အပြည့်အ၀ခံစားခဲ့တဲ့ အချိန်တွေကို
ဘယ်လိုမှ ပြန်မရနိုင်တော့ဘူး မောင်ချစ်တဲ့နွယ်
နွယ် ရဲ့ ကျောလယ်ဆံကေသာတွေကို ပွတ်သက်ကစားရင်း
ပန်းဆီရောင်ပါးမို့မို့ပေါ်က သနပ်ခါးလေးတချို့တ၀က်ကိုမှေးမှိန်ဖျော့သွားအောင်လဲ
ဒီခရေပင်လမ်းမှာချစ်အနမ်းတွေနဲ့ မောင် ချစ်သက်သေထူခဲ့ ဖူးတယ်
ခုတော့ ............................
ခုတော့ဖြင့်.............................
မောင့်နားမှာ နွယ်တစ်ယောက်မရှိတော့ဘူး
ဒီလိုအေးမြခြင်းတွေ
ဒီလိုလှပတဲ့ ညနေဆည်းဆာတွေ
ဒီဇင်ဘာကိုရောက်တိုင်း
မောင့်ရင်ကို အမြဲလန်းဆန်းစေတဲ့
ခရေပင်လမ်းလေးထက်ကခရေပန်းရနံ့ လေးတွေ
မောင့်တို့ လျှောက်ခဲ့ဖူးတဲ့ ခြေရာလေးတွေ
အိုကွယ် နွယ် ရယ်.............
ခုချိန်ထိ မောင့်ရင်ကို လှုပ်ခတ်နေဆဲပါ
Tuesday, November 6, 2012
မင်းတို့တော့လားကွာ
ရာဇ၀င် ကောက်ကြောင်းရဲ့
အနောက် တခါးဝ မှာ
သူတစ်လူ ငါတစ်မင်း နဲ့
အမည်းရောင် ပိုးမွားတွေက
တို့မြေ ပေါ် တရွေ့ရွေ့ ချီတက်နေကြတယ်
သူငယ်ချင်း မင်းအီမ်ခြံစည်းရိုး
သေချာအောင် ခတ်လို့
ပိုးသတ်ဆေး များများ ဖြန်းထားသင့်တယ်
လည်ဂုတ်ကို ဆွဲပြီး သွေးထိုးမယ့် သူတွေက
ဟိုတစ်စု ဒီတစ်စု နဲ့
မလောက်ငှတဲ့ ထောက်ပန့်ကြေးနဲ့
တိုင်းရင်းသား တည်နေရာကို ခြေကုပ်ယူချင်နေကြတယ်
ဒင်းတို့တွေ ကိုယ့် နားထင်ကို သွေးရောက်နေကြတာပါ
ရဲရဲတောက်နေတဲ့ တိုင်းရင်းသားသွေး နဲ့ ငါ့တို့သွေးကို လာဖောက်ကြည့်ကြပါဦး
တို့မြေမှာနေ
တို့ရေကိုသောက်
တို့ဆန်ကိုစား
တို့ရဲ့ သမီးပျိုတွေကို မဟားတယားလုပ်ချင်တဲ့သူတွေ
မင်းတို့တော့လားကွာ ....................
Saturday, August 18, 2012
အိမ်ရှင်
ဒီတိုင်းပြည်ခို၊ ဒီရေကိုသောက်
ဒီမြေအောက်က၊ ကူထောက်စီးပွား
ထုတ်ယူစားပြီး၊ ပြည်ဖွားအိမ်ရှင်
ရန်သူထင်၊ အသင်မှားနေပြီ
အိမ်ရှင်ရိုကျိုး၊ အိမ်ရှင်ကိုးသော
မျိုးရိုးဘာသာ၊ သာသနာကို
ခြေရာနင်းလျက်၊ အတင်းဖျက်
ရက်စက်လွန်းနေပြီ။
အိမ်ရှင်ကဖွား၊ သမီးသားကို
ဇနီးအဖြစ်၊ လင်အဖြစ်ဖြင့်
အနှစ်ကိုနုတ်၊ အညစ်မြုပ်လျက်
မွေးထုတ်ကလေး၊ စပ်တူသွေးတွင်း
အရေးချက်ချာ၊ မျိုးဘာသာအား
လုယူထား၊ စော်ကားလွန်းနေပြီ။
သင့်အိမ်ခိုလျက်၊ သင့်ကိုဖျက်
သင်လက်ခံမည်လော။
သမီးပျော်ပါး၊ သားပျော်ပါး
စော်ကားခံမည်လော?
သူငယ်ချင်း တစ်ယောက်မှ ပေးပို့ပေးပါသည်
Friday, August 17, 2012
မစ္ဇျိမလမ်း....

ရန်သူလို သဘောထား
ဟောကြားတဲ့ တရားတော်တွေထဲမှာ
တို့ ဘုရား သာသနာတော် မပါခဲ့ဘူး ........
မစ္ဇျိမ အလယ်အလတ်
သမာသမတ် လမ်းစဉ်နဲ့
အတိတ် ပစ္စုပ္ပန် အနာဂတ်
ယှဉ်ကာမှတ်လို့ ဥာဏ်အလင်းပွင့်ခဲ့တာ
ဗုဒ္ဓ သာသနာပါ ......
ဂုဏ်ရှိ ဂုဏ်နိုင် တုမပြိုင်နဲ့
ဆုံးမတတ်တဲ့ သာသနာ
အမျိုးဘာသာ ကိုယ်သာထိန်းလို့
စိတ်ထားရှင်းသန့် ထားစေရာ
သူယုတ်တွေနဲ့ ယှဉ်မပြောတဲ့
ပညာ တတ်တို့ ထားအပ်ရာ
စိတ်ဓါတ်ရေးရာ ဖြူစင်ထားလို့
ကိုယ့်ရုပ်ရည်လဲ ကြည်လင်မှာ
စာတတ်ပေတတ် လာမမှတ်နဲ့
လေ့လာကြည့်လို့ပါ.....
ဝမ်းရေးထက် လွမ်းရေးခက်
မနက်နဲ့ ညတိုင်းမှာ
အစာအီမ်ကို ဂနာငြီမ်ဖို့
ကြိုးစားနေသူ
တစ်ယောက်အတွက်တော့
အချစ်ဆိုတဲ့
အရာကို
မျက်ဝန်းနဲ့တောင် မော်မဖူးဝံ့ချင်ခဲ့မိဘူး
ဝမ်းစာအတွက်
လမ်းတကာ
လျှောက်နေရပေမယ့်
အကြင်နာ အရိပ်ကို
တစ်ခါတစ်ရံ
တမ်းတမိသား
ဝမ်းရေး အတွက်
လွမ်းရေး ခတ်နေပေမယ့်
ငယ်စဉ်ခါက
ကြင်နာသူကိုတော့
ဘယ်ခါမှ မမေ့ခဲ့ပါ
ကောင်မလေးရယ်
ထုထည်ကြီးမားတဲ့
ရပ်တည်မှု အတွက်တော့
တမ်းတ စိတ်ကို
မြိုသိပ်ကြိတ်မှိတ်ခဲ့ရပေါင်းလဲ များခဲ့ပါပြီ
နှလုံးသားရဲ့ လိုအပ်ချက်
ဦးဏှောက်က ငြင်းဆန်
ဦးဏှောက်ရဲ့ ထီမ်းချုပ်မှု့ ကို
နှလုံးသားက ကန့်ကွက်
ဒီလူရင်ထဲအရူးကွက်နင်းနေရ
အငြီုးအတေး မရှိတဲ့အသဲ
လွမ်းမောရင်းနဲ့ပဲ
ကိုယ်ဆက်လျှောက်မယ်
ကောင်မလေးရယ်.....
ကဗျာအဆုံးသတ်လေးအတွက်
တီလေး ဂျင်ဂျာအေးအား
ဒီနေရာမှ အထူးပင်ကျေးဇူးတင်ပါတယ် ခင်ဗျာ
ganay ( ဂနေး )
စဉ်းစားပါ ( သူငယ်ချင်း )
အတ္တ မာန
ထည်လဲသုံးတတ်တဲ့ မင်း
သံဝေဂ
တရားရနိုင်ပါဦးမလား
လူ , လူ ချင်းကွာ
မင်းကဘာကို အထင်ကြိးနေမှာလဲ..
အချိန်တန်တော့သေမှာပေါ့
မသေခင်စပ်ကြား
ဘာဝနာတရား
မင်းမပွားများနိုင်ဘူးလား
ရုပ် နဲ့ နာမ်
တည်မြဲနေသရွေ့ 
လူတွေက အတ္တ နဲ့ မာန
မကင်းဘူးဆိုတာ
ငါလဲ ပုထုဇဉ်ပဲမို့ လက်ခံပါတယ်
တို့တွေအတွက်
သေရင် ဘာပါမလဲ
ငါလဲစဉ်းစားသလို
မင်းလဲ စဉ်းစားသင့်တယ်
ငါတို့လို
ပုတုဇဉ်အတွက်
အမြင့်ဆုံး မှန်းနိုင်တာ
အပါယ်တခါးပိတ်ယုံလေးပါ
မပိတ်နိုင်တောင်
သံဝေဂတရားလေးတော့ ရသင့်တယ်
Monday, August 13, 2012
မတူ တဲ့စိတ်တွေနဲ့ လူ
အရိုးပြိုင်းပြိုင်း
ကိုင်းကိုင်းထနေတဲ့ သစ်ပင်အို
ကန္တာရအလယ် ဘယ်လိုပင်ပေါက်ပေါက်
' လ ' သာညသွားကြည့်ပါ ........
အလွမ်းဓါတ်ခံရှိသူတွေအတွက်တော့
လွမ်းလို့မဆုံးတဲ့ဇာတ်ဝင်ခန်းပေမယ့် .....
စိတ်ဓါတ်ရိုင်းရိုင်း ရှိနေသူတွေအတွက်တော့
ခုတ်လှဲချင်စရာလည်း ကောင်းမှာပဲ ......
ရလာခဏ လူ့ ဘ၀ မှာ
ပျော်ပျော်နေတဲ့ လူတွေအတွက်တော့
ဟာသ တစ်ပိုဒ်လိုတွေးတောကာလည်း ပျော်ချင်ပျော်မယ် ....
ဘာဝနာတရား ပွားများကြာတဲ့ ရဟန်းသံဃာ
အတွက်တော့ တရားရစရာကောင်းလွန်းပါတယ်.....
ဇရာဖိစီးလူကြီးတွေအတွက်တော့
ကိုယ်ခန္ဓာတရား မမြဲခြင်းများကို မြင်ကြည့်တတ်ရင်တွေ့ ကြမှာပဲ ...
စိတ်ဓါတ်မြင့်မြတ် တည်ကြည်တတ်တဲ့
အနုပညာသမားအတွက်တော့
လက်ရာအလွန်မြောက်တဲ့ ပန်းချီတစ်ကားလည်း ဖြစ်ချင်ဖြစ်မယ်....
အို ........
လူသားတွေ ......
ဘယ်လိုပင်တွေးတွေး
သင်လည်း မထမ်း ၊ ငါ လည်း မရွက်
အလေ့ကျ ပေါက်တဲ့ အပင်မို့
သေချိန်တန်ရင် သေမှာပါပဲ.....

Subscribe to:
Posts (Atom)