Friday, August 17, 2012

စဉ်းစားပါ ( သူငယ်ချင်း )


အတ္တ မာန
ထည်လဲသုံးတတ်တဲ့ မင်း
သံဝေဂ
တရားရနိုင်ပါဦးမလား
လူ , လူ ချင်းကွာ
မင်းကဘာကို အထင်ကြိးနေမှာလဲ..

အချိန်တန်တော့သေမှာပေါ့
မသေခင်စပ်ကြား
ဘာဝနာတရား
မင်းမပွားများနိုင်ဘူးလား


ရုပ် နဲ့ နာမ်
တည်မြဲနေသရွေ့ 
လူတွေက အတ္တ နဲ့ မာန
မကင်းဘူးဆိုတာ
ငါလဲ ပုထုဇဉ်ပဲမို့ လက်ခံပါတယ်
တို့တွေအတွက်


သေရင် ဘာပါမလဲ
ငါလဲစဉ်းစားသလို
မင်းလဲ စဉ်းစားသင့်တယ်


ငါတို့လို
ပုတုဇဉ်အတွက်
အမြင့်ဆုံး မှန်းနိုင်တာ
အပါယ်တခါးပိတ်ယုံလေးပါ
မပိတ်နိုင်တောင်
သံဝေဂတရားလေးတော့ ရသင့်တယ်



No comments:

Post a Comment