Saturday, August 4, 2012

ငါ့ရဲ့ ဖိတ်စာ



အလွမ်းတွေ ကို ခ၀ါချ
ပန်းတွေ ကြွေမှာလဲ
ကြောက်တဲ့သူပါကွယ်

မချစ်ချင်ပေမယ့်
ချစ်တတ်အောင်လဲ
သင်ပေးခဲ့တာလားကွယ်

ရာသီတွေပြောင်း
ဆောင်းမှာလဲ
နှင်းတွေဝေခဲ့ပါပြီ

ဘယ်ဆီရောက်လို့
ဖြေရာဖျောက်နေတာလဲ
ချစ်သူရယ်

နင်မရှိတော့
လေနှင်ရာ လွင့်မျောနေတဲ့
တီမ်ဆိုင်တွေလို
ဦးတည်ရာမရှိတော့ဘူးကွာ

ပြန်ဆုံချင်ပေမယ့်
ဇရာထောင်းလို့
အမှောင်ကိုလှမ်းနေပြီ

နင့်ကိုပေးစရာ
တစ်ခုပဲ
ငါပိုင်ဆိုင်တယ်

ငါ့ရဲ့နာရေး
ဖိတ်စာပေါ့

No comments:

Post a Comment