Monday, August 6, 2012

အချစ်ဦးမို့

အချစ်ဦးမို့
အရူးအမူးချစ်တာကို
စိတ်တွေကောက်
သောက ရောက်စေမယ့်
စကားတွေ မပြောပါနဲ့လား
ချစ်သူရာ

မလွမ်းတတ်ဖို့
အစမ်းသပ်
ကာလတွေ ကျော်လွန်ပါရစေကွာ

ကွယ်ရာမှာ
ခြေရာတော့ မများစေချင်ဘူး

အလွမ်းတွေကို
စာစီကုံးလို့
ဘာလီပုန်းနဲ့
ရေခဲရေလဲ
ရောင်းကြွေးရဲပါတယ်
ချစ်သူ

ချစ်သူအလိုကြ
ငွေအသပြာကို
ချွေတာစရာလဲ မလိုအောင်
မောင်
ဖြည့် ဆီးပေးပါ့မယ်



သေရင်တောင်
စိတ်နှစ်ခွနဲ့
ပြိသာဘဝ
မဖြစ်ပါရစေနဲ့လား


ချစ်သူရာ

No comments:

Post a Comment