
ချစ်သူရေ......
မင်းနဲ.မတွေ.ခင်က
နွေလေရူးနဲ. ဥသြလည်း
မလွမ်းလောက်ဘူး.....
မိုးတွေရွာရင် လွမ်းတယ်ဆိုတာ
တကယ်လား ......။
အလွမ်းသီချင်းတွေက
ဘာအတွက် ဆိုကြတာလည်း......။
မင်းနဲ.ချစ်မိကြတော.
အလွမ်းဟာ လောကထဲမှာ
တစ်ကယ်ရော ရှိရဲ.လား.....။
ဒါပေမယ်. ချစ်သူရယ်
မင်းနဲ.ခွဲခွာတဲ့နေ့ကပေါ့
ငါကိုယ်တိုင်ငါ ဘာဖြစ်နေလဲမှမသိ......။
နောက်မှငါသိတယ်ကွာ
မင်းက ငါ့နားမှာရှိတဲ့တစ်ချိန်လုံး
လွမ်းတတ်အောင်သင် နေခဲ.တယ်ဆိုတာကို........။
ငါနင်နဲ့မဝေးချင်ပါဘူး
ကံတရားရယ် ကျေးဇူးပြုပြီး ......
ချစ်သူရယ် သူ့ရဲ့ချစ်ခြင်းတွေရယ် နားလည်မှု့တွေရယ်ကို
လက်ဆောင်အဖြစ်ပေးပါလား........။
နင့်ရဲ့ အဝေးက
တစ်သက်လုံး ချစ်နေမယ့်
ငါ့ ကိုတော့
တစ်စက္ကန့်လောက် သတိရနေရင်
ငါ...............
ကျေနပ်နိုင်ပါပြီ ... .... ........။ ။
အချိန်နှင့် အလိုက် ခိုင်မာ မြဲမြံသော အချစ်များဖြင်
No comments:
Post a Comment