Thursday, June 21, 2012

ဆုတောင်း ပြည့်ချင်ပါ၏


ညဥ့်ယံ
အရှိန်ပြင်းပြင်း
ဖြူလွှလွှ  ကြွေကြနေတဲ့
ငွေရောင် ကြယ်စင်တစ်စင်း
ကျွန်တော်
ပြေးပြေး လွှားလွှား
ဆုတောင်းလိုက်မိတယ်
ဖေဖေရေ
မြန်မြန် ပြန်လာခဲ့ပါ
ရုတ်တရက်
မျက်ဝန်းအီမ်က
မျက်ရည်တွေပိုးပိုးပေါက်ပေါက်နဲ့
အတိုင်းအဆ မသိ
ပြိုဆင်းလာတယ်
ဖေဖေ
ကျွန်တော့်ကို
မှာခဲ့ဖူးတာပဲ
သား
ဆုတောင်းတိုင်းသာပြည့်နေရင် လောကမှာ
 လူတွေကအနစွ
ဆိုတာ မရှိတော့ဘူး တဲ့

သားမေ့နေတာ ဖေဖေ
ဒါဆို
သားဆုတောင်းမပြည့်တော့ဘူးပေါ့
ဖေဖေ
ပြန်မလာတော့ဘူးပေါ့
သေချာပါတယ်
သား ယုံကြည်နေပါတယ်
တစ်နေ့နေ့
ဖေဖေ သားဆီ
အရောက်ပြန်လာမှာပါ
ဖေဖေ ပြန်လာမယ့်နေကို
မပြည့်ပေမယ့်လဲ
သားဆုတောင်းနေဦးမှာပါ
ငွေကြယ်ဖြူတွေ
ကြွေနေတဲ့ အချိန်တိုင်းပေါ့
8.4.88
ရက်နေ့တွင်
ကွယ်လွန်ခဲ့သော
ဖေဖေအား
ထာဝရ သတိရစွာဖြင့်
Ganay( ဂနေး )
21.6.12

No comments:

Post a Comment