Saturday, June 23, 2012

ကျွန်တော်တို့နေရာမှာ မိုးမရွာတဲ့ အကြောင်း



ကျွန်တော်တို့နေရာမှာ မိုးမရွာတဲ့အကြောင်း
#######################################
ကြိုတင်တိုင်ပင်မထားတဲ့ ခေါင်းစဉ်အောက်
( သူငယ်ချင်းရေ )
တို့တွေ အလေ့ကျပေါက်ရင်း ၊
မင်းကလည်း ငါ့ အကြောင်းစုံစမ်း
ငါကလည်း မင်းအကြောင်းစုံစမ်းနဲ့
လူ့ အဖြစ်ရဲ့ လမ်းသွယ်ကိုယ်စီ ။
ဖိတ်ချင်းဖိတ်
ကိုယ့်အိတ်ထဲ ဖိတ်အောင်
ပက်လက်လှန်အနေအထားနဲ့
ကောင်းကင်ကြိးကိုမော့ကြည့်ပြီး
( မင်းနဲ့ငါ )
ရင်ဘက်ကြယ်သီးတွေဖြုတ်ထားကြတာတောင်
ရွာတဲ့ မိုးကြီး !
သည်းချက် !
တို့နှစ်ယောက်ထဲ မစိုပဲ
ကွက်ကျား ....... ။

No comments:

Post a Comment