
ကောင်မလေး….
မင်းင့ါနားမှာရှိမနေသေးတဲ့အခါ
မင်း ကြိုက်တဲ့သီချင်းတွေ ငါ နားထောင်နေတယ်
မင်းကြိုက်တဲ့အရာတွေငါ လိုက်ရှာနေမိတယ်
မင်းလိုချင်တဲ့ဘ၀မျိုးလေးတွေ စိတ်ကူးယဉ်နေမိတယ်
မင်းနဲ့အတူသွားခဲ့တဲ့နေရာတွေ လိုက်ကြည့်နေမိတယ်
တူတူမျောခဲ့ကြတာတွေ ပြန်တွေးရင်းနဲ့ပေါ့.....။
ဟိုး…အဝေးက မြို့ငယ်လေးမှာ
ငါ ချစ်ရတဲ့ သူတစ်ယောက်
အခုချန်ဆို…..
စွတ်စို နေတဲ့ လမ်းမတွေထက်မှာ…..
တစ်ယောက်ထဲပဲ ပျော်ဝင်ဖြတ်သန်းနေမလား…။
ရောက်ချင်ပေမယ့် …….
မနီးစပ်သေးတဲ့ ဘဝလှိုင်းရဲ့
လောကဓံက နိမ့်လိုက်မြင့်လိုက်
ငါ့ကိုလည်း …….
တစ်ခါတစ်ခါ တွန်းထိုးပြီးတော့….
ကျီစယ်သွားသေး….။
လေမှာမျောတဲ့ အချစ်တွေနဲ့ ……
မင်းကိုငါ…….
လိမ်ညာမပြောခဲ့တာ…….
အိပ်တန်းပြန်တဲ့ ဆောင်းခိုငှက်တွေလည်းသိပါရဲ့…..
တိမ်တိုက်ကြားက တိုးထွက်နေတဲ့ …..
ကြယ်လေးတွေလည်း ရိပ်မိပါရဲ့……။
ကောင်းချီးပေးဖို့ စောင့်နေခဲ့တဲ့
ငွေလမင်းတောင်
မင်းရဲ့ အေးစက်စက် အပြုံးတစ်စုံကြောင့်
သူ့ရဲ့ လက်တစ်စုံကို
ပြန်သိမ်းဝှက် သွားခဲ့ရတယ်
ကောင်မလေးရယ်...။ ။
အချိန်နှင့် အလိုက် ခိုင်မာမြဲမြံသောအချစ်များဖြင့်
No comments:
Post a Comment