Saturday, June 23, 2012

တစ်ခါတုန်းက ဧပရယ်



ဧပရယ် ( ၁၃ ) ရက်မှာ
ခရမ်းရောင် တီရှမ်နဲံ
ဂျင်းပင်အပြာရောင်ကို
်ဆင်မြန်းခဲ့တဲ့ မင်းဆံကေသာမှာ
ရွှေဝါရောင် ပိတောက်ပန်းတွေ
ငါကိုယ်တိုင်ဆင်မြန်းပေးခဲ့တာ
အများအမြင်မှာ ကဗျာမဆန်ပေမယ့်
ငါ့ရင်မှာတော့ ထာဝရ အတွက်
ပန်ချီကား တစ်ချက်လို
ရင်ခွင်ပြတိုက်မှာ ချိတ်ဆွဲခဲ့တာ
ကြာခဲ့ပေါ့
မကြခင်မှာ ဒီလိုရက်ကလေး
ရောက်လာတော့မယ်ကောင်မလေးရယ်...
အတိတ်ဆိုတာ မင်းအတွက်တော့
မသိပေမယ့်
ငါ့အတွက်တော့ အရိပ်လိုလိုက်မြဲပါ ။
ငုဝါ နဲ့ ပိတောက်
အလှချင်းပြိုင်
အကချင်းမြိုင်ကြမယ့်
ဧပရယ် ရဲ့ နွေတခူး
မကြာခင်ရောက်ဥိးတော့မယ်
ငါ့ကတော့
ငါ့ပြတိုက်ထဲက
ထာဝရ ချိတ်ဆွဲထားတဲ့
ငါ့
ပန်ချီလေးပဲ
ထိုင်ကြည့်ရင်း
ဆွေးနေတော့မယ်........... သြော်........ နွေဦးရေ.........
ganay ( ဂနေး )
103း3

No comments:

Post a Comment