Saturday, June 23, 2012

သံသယ ရဲ့ အနားသတ်



' ယွန်း ' ကို မေ့လိုက်ပါ မောင်တဲ့...
မင်းပြောခဲ့တဲ့စကား
ငါ့အတွက် ပျားရည်စက်
မဟုတ်ခဲ့တာ သေချာတယ်
ငါ့
သံသယ
ငါ့ကို ချုပ်နှောင်နေဆဲလား.........?
အခါခါ သေဖူးတော့
ပျဉ်ဖိုးတော့ ငါနားလည်သင့်ပြီ ။
ငါ မယုံတတ်ခဲ့တာ မဟုတ်ဘူး
မယုံသင့်ခဲ့တာ..။
ငါ့
ဖြန့်ထားတဲ့ ငါ့ လက်ဖ၀ါးပေါ်က
ငါ့နှလုံးသားမှာ ညိုညစ်ညစ်
သွေးစက်တွေက
မင်းတိုက်ခဲ့တဲ့
ရှတတ ၀ိုင်တစ်ခွက်ရဲ့ အဆိပ်တွေလား
သေချာတယ် ဒီတစ်ခါ
ငါ မင်းကို မုန်းလိုက်တော့မယ်
ganay ( ဂနေး )
PM 10;31

No comments:

Post a Comment