Saturday, June 23, 2012

ဘောလုံး




ဘောလုံး
###############



နှစ်ဖက်အသင်းရဲ့
ဗိုလ်လုပွဲကျင်းပရာမှာ
ကျွန်တော်က
ဘောလုံးလေးတစ်လုံးပေါ့။



တောင်ဖက်ဂိုးစည်းထဲကို တစ်ခါ
မြောက်ဖက်ရိုးစည်းထဲကို နှစ်ခါ
( ကျွန်တော်ကိုယ်တိုင် )
အသေအချာရောက်ခဲ့တာပါ ။



ကစားပွဲအပြီး
ဆုအသီးသီးချီးမြှင့်ပြီးကာမှ
ဒိုင်လူကြီးရဲ့ လက်ထဲမှာ
ကျွန်တော်က
တစ်ဂိုးမှ မရခဲ့သူအဖြစ်
သစ်သစ်လွင်လွင်
မှတ်တမ်းဝင်သွားလေရဲ့ ။               ။

No comments:

Post a Comment