Thursday, June 14, 2012

*** သနားစရာ လူ ***

*** သနာစရာ လူ ***

ယောင်နန ငါ .. စောင်ပေပေ
မြောက်ကြွ ကြွ ၊ ဘောက်ဆွဆွ နဲ့ .
တောက်တောက်ကြွားကြွားလဲနေ တတ်သေးသတဲ့..။
တစ်ခါ တစ်လေ..
မောက်မောက်မာမာ လဲပြော ချင် ပြော
သဘောမထင်ရင် ထ တောင် ရိုက်တတ်သေး
အေးဆေး မနေ ချင်တဲ့ငါ ..
လူအထင်သေးမှာတော့စိုး လိုက်တဲ့ဖြစ်ချင်း
စိတ်ထင်ရာတွေပြောရင်း..
တရားလဲဟောချင်သေးသတဲ့..။


ထီကနဲဆိုဗေထိ
ငါမသိတာမရှိ ဆိုပဲ
ပါလေရာငပိချက်
ပဲခူးဆားထက် ငံ သေး
ခပ်လေးလေး နဲ့ ဟန်ပေး နေတဲ့
နှမ်းဖြူးတတ်တဲ့ငါ
လူမြင်ရင် ခြေစုံ ကစကြည့်
ငါ့လောက်မှမသိသူ
အညတရလူ လို့
ထင်တစ်လုံးနဲ့
ဆရာလုပ်အုံးမတဲ့ ...။
အော်.. တစ်ခါတစ်လေ တော့လဲ ..
တော်တော် သနားစရာကောင်းတဲ့
" ငါ "

( မည်သူ့ ကိုမှ မရည်ရွယ် ပါ )

No comments:

Post a Comment