Saturday, June 23, 2012

ငါ မလွမ်း ချင်ဘူး



တစ်စီမ့် စီမ့် အတွေးတွေ
စီးမြောနေတယ်
ကျောက်တုံးကျွန်းရဲ့
ကန်ရေပြင်ပေါ်လား
ကျောက်ဆောင်
ကျောက်တောင်ကြားတွေလား
မြင့် မားစွာတည်ရှိနေတဲ့
သစ်ပင်ကြီးရဲ့အထက်
ကောင်းကင်ယံမှာလား
ဆွိ့ အနေတဲ့
နုတ်ဖျား
တစ်စာစာခေါ်ချင်နေမိတာ
သူ့ရဲ့
အမည်လေလား
ချာချာလည်အတွေး
တွေက ဖမ်းဆုတ်လိုက်တိုင်း
ရှောင်ရှောင်ပြေးထွက်နေတာ
အသက်ရှူကျပ်လို့မောပန်း
နွမ်းနယ်နေပြီ
ကျေးဇူးပြုပြီး
ငါ့ကို
မပြုစားပါနဲ့
ဘာကြောင့်မပျော်မိတာလဲ
ကိုယ်တိုင်ပျော်နိုင်ဖို့
စိတ်ကို
အကြီမ်ကြီမ် အဖန်ဖန်
သတိတွေပေးမိတော့လဲ
ဝဋ်တစ်ခုလိုပဲ
ဘာမှ မသေချာ
မရေရာခဲ့ဘူး
 ( ချစ်မိတယ်)
ဆိုတာထက်
မြတ်မြတ်နိုးနိုးတန်ဖိုးထားချင်တယ်
မဖြစ်နိုင်တဲ့ အကြောင်းကြောင်းတွေကြောင့်
ဒီစာတွေ ဖြစ်ပေါ်ပြန်တယ်
လွမ်းမိတယ်
ကောင်မလေးရယ်

No comments:

Post a Comment