Friday, July 27, 2012

ရန်ကုန်ရဲ့ ......... ည



နီယွန် မီးရောင်အောက်က တပ်မက်တဲ့
မျက်ဝန်းတွေနဲ့ကြည့်ကာ ခုနှစ်တွေအက မယ်တွေ နဲ့
ဲ့အေးစက်စက် ဖန်ခွက်ထဲက ဘီယာတွေကို
ငွေနဲ့ အရည်ဖျော်တဲ့ ............ည

 ဂုဏ်တွေ ငွေတွေ ကြောင့်ကြမှုတွေနဲ့
စနီုးစနောင့် အိပ်စက်နေတဲ့ သခင့် အလိုတော့ကျ
ခန်းစက်ရာဆောင်နန်းကို သစွာရှိစွာ စောင့်ကြပ်နေရတဲ့
ခွေး....... တစ်ကောင် ရဲ့........ ည

မှောင်ပျပျ အလင်းတိုင်ရဲ့အောက်
ချောင်ကျကျ စားပွဲတစ်လုံးမှာ
မနေ့က ရခဲ့တဲ့စာမူခ တွေကို အရည်ဖျော်
ယနေ့ ထွက်ကျလာမယ့် ခပ်ဟဟ ရင်ခွင်ထဲက
စကားလုံးလေးတွေကို စာစီကာ
ချရေးဖို့ ပြင်နေတဲ့ ယမကာ
လုလင် ကလောင်ရှင် ရဲ့ .................... ည

ချစ်ခဲ့ဖူး သူကိုမျှော်ရည်မှန်း
သံစဉ်တွေ ယောက်ရပ်ခပ်ကာ
ဂစ်တာအို တစ်လက်ကို
ရင်ခွင်မှာပိုက် လွမ်းချင်းတွေ
အခါခါ ဖွင့်ခါ ချ
အသည်းကွဲနေတဲ့
လူငယ်တစ်ယောက် ၇ဲ့
သံစုံကျူး တဲ့ ................. ည

အမှောင်တိုက်ကို အကာအကွယ်ယူ
အီမ်ခြေတွေကို သမင်လည်ပြန်ကြည့်
နွေးထွေးစွာ အိပ်စက်နေတဲ့
ခြံရှင်တွေရဲ့ ပစွည်းကို အလစ်သုတ်
အထုပ်, ထုပ်ရန်
ကြံရွယ်နေတဲ့
သူခီုး တစ်ယောက်ရဲ့
ချောင်းမြောင်းနေတဲ့ .....................ည

ကားအကောင်းတွေကို ထည်လဲစီး
ပေတရာလမ်းပေါ် လူမထင်ဟန်တွေနဲ့
ယှဉ်ပြိုင်ခါ မောင်း
လူ့ပေါ်ကျော့ ငမိုက်သားတွေရဲ့
ကွဲအပ်အပ် လှောင်ရယ်သံတွေ
ပြည့်ဖုံးနေတဲ့ ................. ည

ရုံးဆင်းရုံးပြန်
ငပိ သိပ်သလို မွန်းကျပ်ကျပ်
ဘတ် (စ်)ကား ပေါ်က
ကားခ တောင်းသံ အကြွေပြန်အမ်းရန်
တစ်ယောက်တစ်ခွန်း
စကားများဟန်တွေနဲ့
အခြေခံ လူတန်းစာတွေရဲ့...............ည

ဒီစာဖြစ်ပေါ်လာဖို့
အတွေးများစွာကို အလုပ်ပေး
သူများတွေထက်ဦးအောင်
ဖေ့ဘုတ် ( face book ) မှာ
တင်နိုင်ဖို့ကြိုးစား ကွန်မန့်တွေ
ပလူပျံအောင် ရှိနေပါ့မလားလို့
စိတ်တွေစောပြီး
ကွန်ပြူတာရှေ့မှာ
အိပ်ချင်ရဲ့နဲ့ မငိုက်နိုင်အောင်
ကြိုးစားနေတဲ့
ငါ့ရဲ့ ..................... ည

1 comment:

  1. ၆ရမ်းခိုက်တယ်ဝေ့
    ဒီကဗျာကို
    အထပ်ထပ်ဖတ်မိတယ်

    ReplyDelete