Thursday, July 26, 2012

ချည်တိုင်





အမေက
ကျွန်တော့်ရဲ့ သောကတွေကို
သူ့ ရင်ဘတ်မှာ ချိတ်ဆွဲပေးရဲခဲ့သလောက်
ကျွန်တော်က
အမေ့ ရဲ့ ဒုက္ခတွေကို
မျက်စေ့ မှိတ် အသံတိတ်နေခဲ့တယ်....။


အမေက
ကျွန်တော့်ရဲ့ ခေါင်းမာမှုတွေကို
တိတ်တဆိတ် အားပေးနေခဲ့သလောက်
ကျွန်တော်က
အမေရဲ့ ရွံ့ရွံ့ချွန်ချွန် ရုန်းကန်မှုတွေကို
မသိကျိုးကျွံပြု လစ်လျူရှူနေခဲ့တယ်....။


ကျွန်တော့်အတွက် မီးပြတိုက်ကို
အမေ့ဘ၀နဲ့ထွန်းညှိ လင်းမြပြီးကာစ
လ , တစ်စင်းနဲ့
ကြယ်စင်သင်းဖွဲ့
ရိုင်းပင်းစုံညီ သိုင်းဝိုင်းနေကာမှ
ကျွန်တော်က
နှစ်ချို့ နောင်တတွေနဲ့ အိမ်အပြန်.....။ 



မှတ်ချက် ။ ။ကောင်းကင်မှ ကိုညီလင်းနိုင် ( ညမီးအိမ် ) နှင့်
ရပ်ဝေးမြေခြားသို့ ရောက်ရှိနေကြသော
သူငယ်ချင်းများအတွက် နှစ်သစ်မှာ မိဘကျေးဇူးများကို နောင်တ
တွေနဲ့ အိမ်အပြန် ဖြစ်မနေကြရအောင် သီကုံးရေးစပ်ပါသည် ။ 

No comments:

Post a Comment