Thursday, July 26, 2012

စိတ်ပြေလက်ပျောက်






စိတ်နဲ့
ခိုးခိုးပြီး ဆိုလိုက်ရတာ
ဘယ်သူမဆို ပင်းသွားအောင်
မကြားရတော့တဲ့ အထိ ။
လမင်းရဲ့
အလင်းစက်မှုန်ရီတဝေ့ စာမှာ
အေးစက်စက် လက်တွေနဲ့
ခေတ်ကို ပွေ့ဖက်ထားချင်ခဲ့တဲ့ကောင်
နာရီတွေ ကဆုန်စိုင်းခဲ့ရင်ပေါ့ ။


ကံ မကောင်းချင်တော့ !
ကံ ကောင်းချင်ယောင်ဆောင်ထားတဲ့
လူ့ ယဉ်ကျေးတွေနဲ့
တွေ့တွေ့နေရ !
ကံ ကောင်းချင်တော့ !
 ကံမကောင်းတာသေချာတဲ့
လူ့အန္ဓတွေနဲ့
တွေ့တွေ့နေရ !
အဟုတ်ပါ.....
ဒုက္ခဆိုတာ
ပါးစပ်နဲ့မျိုကြည့်ရတာကိုက .... ချိုသား ။


ပြောချင်တာက.... ဒီလို ။

" ဒီလိုပါပဲလေ "  ဆိုတဲ့ ဘူတာရုံ မှာ
ခရီးဝေးသွားမယ့်လူတွေက
ရထားကြီးကို မျှော်ပြီး ..... ပျင်းလို့ ၊
ရထားကြီးကလည်း
ခရီးဝေးကြီးကို မျှော်ပြီး .............. ပျင်းလို့ ။     ။

No comments:

Post a Comment