Thursday, July 26, 2012

လွမ်းရဲလို့ လမ်းခွဲ သွားတာလား



ဟိုးလွန်ခဲ့တဲ့
နှစ်တစ်သောင်းတုန်းက
လူ လိုလို မျောက် လိုလို
သတ္တဝါ တွေက
မိုးချိန်းသံကြားရင်ကြောက်ပြီး
ကျောက်ဆောင်တွေကို ထိုင်ရှစ်ခိုးကြတယ်တဲ့
ကိုယ်ကတော့ မိုးချိန်းတာကို မကြောက်တတ်ပေမယ့်
ချစ်သူမုန်းမှာကိုတော့ ကြောက်တတ်တယ်
ဒါပေမယ့် သူတို့လိုတော့ ထိုင်ရှိခိုးလီမ့်မယ်လို့တော့
မျှော်လင့်မနေပါနဲ့ ချစ်သူ
ချစ်သူ ကတောင်လွမ်းရဲလို့ လမ်းခွဲခဲ့တာပဲ...
ကိုယ်ဘာပြောစရာ ရှိနေဦးမှာလဲ.....
ကိုယ်လဲ လွမ်း ရဲရတော့ မှာပေါ့

သံသရာ ဆိုတာ
မယုံချင်လို့တော့ ရတယ် ချစ်သူ
မဆုံချင်လို့တော့ မရဘူး
တစ်နေ့နေ့ တစ်ချိန်ချိန်
မဟုတ်တောင် အရင်က
ထားခဲ့ဘူးတဲ့ သစွာသာမှန်ကန်ခဲ့ပါစေ
နောက် ဘ၀တော့ တို့တွေ ပြန်ဆုံနိုင်ဦးမှာပါ...

No comments:

Post a Comment