Thursday, July 26, 2012

နာကျင်ပေမယ့် မခွဲရက် သူပါ.....



ပျော်ချင်တိုင်း ပျော်
ရော်ချင်တိုင်း နင်ရော်ခဲ့ပြီးမှ
အီမ်မက်ဆန်တဲ့ ထုချေ လွာတွေ့နဲ့
ငါ့ ကို မချည်နှောင်ချင်ပါနဲ့တော့...

တကယ်ဆို အတိတ်မေ့ဖို့ ဆုတောင်းမိတဲ့
ငါ့ ရဲ့ မျက်ရည် ချောင်းတံတားလေးလဲ
အကြီမ်ကြီမ် ကြေမွခဲ့ပြီးပါပြီ ။

အချိန်ကို ကန့်သပ် ချင်ပေမယ့်
ဖြည့်ဆီးလို့ မရခဲ့တဲ့အရာတွေက
ကောင်းကင်ယံက လေတွေနဲ့ အတူ
မျောလွင့်သွားခဲ့ပြီလေ .......

အာဏာပါးကွက်သား တို့ရဲ့ထုံးစံ အတိုင်း
ငါ့နှသားကို အမိန့်ပေးပြီး
သတ်စေချင်ခဲ့တာ မဟုတ်လား ။

ဟိုးအဝေးမှာ လာနေတာ တွေ့လား
နင် အမိန့်ပေးပြီး သေစေခဲ့တဲ့
ငါ့ နှလုံးသား ရဲ့ ၀ိဥာည်လေ
ဘယ်တော့မှ နင့်ကို ခွဲမသွားချင်လို့တဲ့
အရိပ်ကလေး အဖြစ်လိုက်ခွင့် ပေးလိုက်ပါဟာ....

No comments:

Post a Comment