Saturday, July 21, 2012

တိတ်ဆိတ်တဲ့ငါ့ရဲ့ည.......




တိတ်ဆိတ်တဲ့ငါ့ရဲ့ည တနေရာရာ မှာ နင်ရှိနေမယ်လို့ ထင်ခဲ့တာ ဒါပေမယ့် သံသရာ ရထားက နင့်ကို ငါမမြင်နိုင်တဲ့
တနေရာကို ခေါ်ဆောင်နေတယ်..

လောက အပြင်လား..?
စကြာဝဠာ အပြင်ဘက်လား..?

ဟိုးအဝေး တစွေတစ်ကောင်
ငါ့ကို လက်ယက်ခေါ်နေတယ်
တီမ်တွေ ၀ါးမြိုသွားတဲ့ ငါ့လမင်း ရော
ဘယ်ဆီရောက်နေပြီလဲ...

ဟင့်အင်း ဒါတကယ် မဖြစ်နိုင်ဘူး
ချစ်သူ အမြန်ပြန်လာပါ .....
ငါ ကြောက် , ကြောက်လှပြီကွာ
ငါအိမ်မက် , မက်နေတာလား
မဖြစ်နိုင်ဘူး ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး
နင် ငါ့ကို ငါမသိအောင်ခွဲခွာသွားမှာ မဟုတ်ဘူး

မလိုက်ဘူး..မလိုက်ဘူး ..
အား .......... အား...
ငါ .. ငါ ဘယ်ရောက်နေတာလဲ..
ဟင် ငါ့ရှေ့ မှာ သံတိုင်တွေ ပါလား..
ဒါဆို ငါ... ငါ ..
မစဉ်းစား ချင်တော့ဘူး
ကျိန်းသေပြီ ... ငါရူးနေပြီ..ငါရူးနေပြီပေါ့..

ချစ်သူ နင်ငါ့ ကိုတယောက်ထဲထားခဲ့ရက်ပြီပေါ့.............

2008 ခုနှစ် ဖြစ်ပျက်ခဲ့သော သူငယ်ချင်းအတွက်......

No comments:

Post a Comment