Saturday, July 21, 2012

ခင်ဗျားနိုင်ပါတယ်...




...ခင်ဗျားနိုင်ပါတယ်... တိတ်ဆိတ်စွာကြေကွဲဖို့
ဖန်ဆင်းခဲ့တာလား...?

အလဲလဲ ပြိုလဲအောင်
လုပ်ခဲ့တာလား...?

ဝမ်းနည်းတိတ်ဆိတ်စွာ
ကျခဲ့ရတဲ့ မျက်ရည်တစ်စက်အတွက်
ဘာလျှော်ကြေးကိုမှ
မတောင်းဆိုချင်တော့ဘူး

ငါရေးခဲ့တဲ့
ငါ့ကဗျာတွေ
ငါ့စာတွေ
ဘယ်သူ့ အတွက်လဲ...?

မသိယောင်ဆောင်နိုင်ပေမယ်
မမြင်ချင်ယောင်တော့ ဆောင်လို့မရပါဘူး..
ဘယ်အရာမဆို အချိန်က ကုစားနေတယ်လို့
ထင်ရင် အမှားကြီးမှားလိမ့်မယ်ချစ်သူရယ်...

အရာရာအတွက် ဒိထက်ရှုံးနိမ့်
နိုင်ဖို့ကိုလဲ ပြင်ဆင်ပြီးသားပါ...

ဒါပေမယ့်......
တမ်းတ စိတ်ကို တော့
ဘယ်လိုမှ တားဆီးပိုင်ခွင့်
မရှိတဲ့အတွက် နားလည်ပေးပါ....

နောက်နောင်များမှာပေါ့နော်......
လမ်းတွေ့ ရင်တောင်
မမြင်အောင်ရှောင်လွဲ
နိုင်ပေမယ့်....
တိတ်ဆိတ်စွာ မျှော်ငေး
ကြည့်ခွင့်တောလေးတော့

ရရှိနိုင်မယ်ထင်ပါတယ်

No comments:

Post a Comment