Thursday, July 26, 2012

ဆေးဖက်ဝင်တဲ့ သီချင်း





သူတို့
ကြယ်တွေကိုခူးတော့
လမင်း ၀ိုင်းစက်စက်ဟာ
ကောင်းကင် မျက်နှာကျက်မှာကူးတုန်း ။

နှင်းသနပ်ခါး ထူပိန်းပိန်းမှာ
တန်ဆောင်မုန်းည ပြာလဲ့
( ဘာတဲ့ ! )
ဆေးပေါင်းခ , တယ်ဆိုပဲ ။

နံနက်လင်းတော့
ငါပိုင်ဆိုင်တဲ့ နွယ်မြက်တစ်ခင်းလုံး
ဝရုန်းသုန်းကား တဆတ်ဆတ်
ခေါင်းပြတ် ၊ ခြေပြတ် ။ ။ 


No comments:

Post a Comment