Sunday, July 29, 2012

လွမ်းရဖို့ လမ်းပြလှည့်ပါ......

တစ်စုံတစ်ရာကို
မျှော်မှန်းကာ
လွမ်းချင်ပါ့ရဲ့
ဘာကိုလွမ်းလို့
လွမ်းရမှန်း မသိတဲ့
ငါ့ရဲ့ ဘဝ

တစ်ချိန်က
စွန့် ပစ်သွားတဲ့

နင့် ..........
ကိုလား
မွေးဖွားကာ
ကြီးပြင်းခဲ့တဲ့
ရွာကိုလား..
ဘယ်ဆီ ဘယ်ဝယ်မှန်း
မသိပဲရောက်ရှိနေတဲ့
ငယ်ငယ်က သူငယ်ချင်းကိုလား

အစဉ်အမြဲအေးချမ်းတဲ့
တောင်ကြီး ကိုလား

လေနုအေးတွေ
တိုက်ခတ်နေတဲ့
မော်လမြိုင်တံတား
ကြီးကိုလား

တခါတခေါက်ရောက်
ခဲ့ဘူးတဲ့....
ဇွဲကပင် တောင်ခြေကိုလား

လိုချင်တာရပြီး
မီးရောင်စုံတဲ့
စင်ကာပူ နိုင်ငံကြီးကိုလား

ဘူးသီးငါးပေါင်းကြော်
ပူပူလေးကိုစားခဲ့ရတဲ့
ဦးပိန် .. တံတားကိုလား

နွေလယ်ပေမယ့်
အေးမြနေတဲ့
အညာက တမာတန်းတွေကိုလား

ချစ်ဆုံးသူနဲ့
အတူတူတိတ်ဆိတ်စွာ
လျှောက်ခဲ့ဘူးတဲ့
ခရေပင် လမ်းလေးကိုလား

ဘာကိုလွမ်းရမလဲကွာ

No comments:

Post a Comment