Sunday, July 29, 2012

အချိန်လွန်ငှက် တမ်းချင်း



သံယောဇဉ်လက်ကျန်
မကုန်သေးလို့
နုတ်မဆက်ချင်ပဲ
နုတ်ဆက်နေရပေမယ့်
နာကျည်းမှုတွေကို
အခါခါ ပြို့အံ နေမိတယ်

ရက်စက်နိုင်သူအတွက်
အမုန်းဆိုတာ မရှိပေမယ့်
ကျန်ရစ်သူအတွက်ကတော့
ကမ္ဘာမကျေ စာတန်းထိုးပြီး
အဆုံးသတ် ခတ်နေတယ်

အခါခါ ကျခဲ့မိတဲ့
မျက်ရည်အတွက်
ဖြေစရာနေရာလဲ
ရှား ခဲ့ ပါ ပြီ.....။      ။

No comments:

Post a Comment