Sunday, July 29, 2012

မောင့်......... ချစ်သူ



မမြင်ရက်ပေမယ့်
နှင်ချက်ကနာ
ရင်ဝ ကို စုံကန်
ထွက်လေသူ
နီညိုရောင်တီမ်တိုက်
တွေနဲ့ အတူ
တရွေ့ ရွေ့ ဝေးကွာသွားတဲ့
ချစ်သူ ............................
အမှောင်အောက်မှာ
မောင်တယောက်
ဘယ်အချိန်ထိ
စောင့်နေရမှာလဲ
ရက်မှလ လမှနှစ်သို့
အလီလီကူးပြောင်း
မမေ့ နိုင်ခဲ့တဲ့မင်း ပုံရိပ်
လွမ်းရင်းနဲ့ ကြိတ်မှိတ်
အဖော်မဲ့လေတဲ့ ဒီရင်ခွင်
သတိမှရလေရဲ့လားလို့
အတွေးများက နှိပ်စက်
ဟိုး..... အရင်အတိတ်က
မောင့် .... ချစ်သူ


ခရေပင် အောက်
မောင်တယောက်
စောင့်မျှော်နေဆဲပါ

မေ့  ... အနမ်း
မောင်လွမ်းနေဆဲပါ..

မေ့ ...စကား
မောင် ကြားနေဆဲပါ

မေ့ ... အပြော
မောင် သဘောကျနေဆဲပါ

မေ..... လျှောက်တဲ့လမ်း
မောင် လှမ်းနေဆဲပါ

No comments:

Post a Comment