Sunday, July 29, 2012

မောင့်အလွမ်း........

သိပ့်ချစ်တာကို
စိတ်ညစ်နေပါတယ်လို့
မပြောပါနဲ့ ချစ်သူရယ်

ဆောင်းဦးရွက်ကြွေတွေလို
နှောင်းအတိတ်ကို
ပြောင်းချင်တဲ့ စိတ်ခလေးကို
နဲနဲ လောက်ပြင်ကြည့်ပါလား

တကယ်ဆို မောင်မှားခဲ့ပါတယ်
သစ်ပင်အောက်မှာ
ပန်းတွေကောက်ဖို့
နွေရဲ့လက်ဆောင်
ဥသြ ငှက်ငယ်လဲ
မောင်နဲ့ အတူ ရှိမနေတော့ပါဘူး

ဂန့်ဂေါ် မြိုင်တန်း နဲ့
အင်းယား ကမ်စောင်းက
မောင်တို့ နှစ်ယောက်အတွက်
သက်သေတွေပါ.... ချစ်သူ

မေ့အချစ်တွေ
တခြားသူအတွက်
အသစ်တွေဖြစ်နေပီလား

အလွမ်းတွေအတွက်
ဒီစမ်းရေတွေလဲ
မအေးနိုင်တော့ပါဘူး
ပူလောင်တဲ့အမှု
တည်ထောင်ပြုတဲ့
မောင်သာ မှားတာပါ

တကယ်ဆို
လွမ်းမိတဲ့သူ
မောင်သာ ဖြစ်ခဲ့ရသူပါ

No comments:

Post a Comment